Monday, June 3, 2019

အယ်လ်ဘေးနီးယားတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆို


အယ်လ်ဘေးနီးယားနိုင်ငံမှာ ဇွန် ၂ ရက်က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ စုဝေးပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 
လွှတ်တော်အဆောက်အအုံထဲကို ဝင်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေဟာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို ဗျောက်အိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ 
လွှတ်တော်အဆောက်အအုံမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ 
မီးရှူးမီးပန်းတွေနဲ့ မျက်ရည်ယိုဗုံးတွေကြောင့် ဆန္ဒပြသူတချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။ 
အယ်လ်ဘေးနီးယား အတိုက်အခံပါတီတွေကို ထောက်ခံသူတွေဟာ လွန်ခဲ့တဲ့ ၄ လကတည်းက ဆန္ဒပြနေခဲ့ပြီး လက်ရှိအစိုးရအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ 
၂၀၁၇ လွှတ်တော်ရွေးကောက်ပွဲက လိမ်လည်မှုတွေ ရှိနေတယ်လို့ အတိုက်ခံတွေက စွပ်စွဲခဲ့ကြပါတယ်။ 
ဒါ့ကြောင့် အတိုက်အခံပါတီတွေဟာ လွှတ်တော်မတက်တော့ဘဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေး ဖိအားပေးခဲ့ကြပါတယ်။ 
အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အီဒီရာမာကတော့ အတိုက်ခံတွေရဲ့ စွပ်စွဲချက်ကို ငြင်းခဲ့ပါတယ်။ 
အယ်လ်ဘေးနီးယား အစိုးရအနေနဲ့ မျှမျှတတဆောင်ရွက်ဖို့နဲ့ အတိုက်အခံတွေကလည်း လွှတ်တော်ထဲပြန်ဝင်ပြီး ဇွန် ၃၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က တိုက်တွန်းခဲ့ကြပါတယ်။



DVB

0 comments:

Post a Comment