Monday, June 3, 2019

ရန်ကုန်တွင် မိုးပျံလျှပ်စစ်ရထားလမ်း စီမံကိန်းစတင်ရန် လှိုင်သာယာမြို့နယ် ပြည်သူများနှင့် တွေ့ဆုံအသိပေးရှင်းလင်း


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြို့ မိုးပျံလျှပ်စစ် ရထားလမ်း စီမံကိန်းနှင့်ပတ်သက်၍ ဇွန် ၁ ရက်က လှိုင်သာမြို့နယ်၊ အတွင်းရှိ ပြည်သူအချို့နှင့် တွေ့ဆုံအသိပေးရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
''ကျွန်တော်တို့ ရန်ကုန်မြို့တွင် မိုးပျံလျှပ်စစ်ရထားမဟာဗျူဟာ စီမံကိန်းကို အကောင် အထည် ဖော်နိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းပိုင်ရှင်အဖြစ်နဲ့ JICA ရဲ့ ရန်ပုံငွေထဲက ချေးငွေနဲ့ ဒီလုပ်ငန်းကို အကောင်အထည်ဖော် လုပ်ဆောင်မှာဖြစ်ပါတယ်။ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံများရဲ့ စံနမူနာကိုအခြေခံကာ ၂၀၁၈ ခုနှစ် ကနေ ၂၀၂၂ ခုနှစ်ကာလအတွင်း လုပ်ငန်းလေ့လာခြင်းနဲ့ ဒီဇိုင်းရေးဆွဲနေခြင်း ဖြစ်တဲ့အတွက် အခြေခံကျတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင် ထိခိုက်မှုများအား အတတ်နိုင်ဆုံး ရှောင်ရှားဖို့ နည်းနိုင် သမျှနည်းအောင် လျှော့ချဖို့ ပွင့်လင်းမြင်သာမှုရှိပြီး အများသဘောတူညီမှုနဲ့ တည်ဆောက်မှာ ဖြစ်လို့ လှိုင်သာယာပြည်သူ တွေနဲ့ ဒီကနေ့ ပထမဦးစွာ တွေ့ဆုံရခြင်း ဖြစ်ပါတယ်''ဟု မြန်မာ့မီးရထား သယ်ယူပို့ဆောင်ရေး အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ 
အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းလည်ပတ်နိုင်ရန် လျာထားကြောင်း၊ လှိုင်သာယာဘူတာမှ ရန်ကုန်-ပုသိမ် ကားလမ်းတစ်လျှောက် ဘုရင့်နောင်တံတား တောင်ဘက်ခြမ်းကနေ လှိုင်မြစ်ကိုဖြတ်ပြီး အုတ်ကျင်းဘူတာမှ လှိုင်ပါရမီလမ်းအတိုင်း မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တိုးကြောင်ကလေး ဘူတာအထိ မောင်းနှင်မည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။ 
The Ladies News

0 comments:

Post a Comment