Sunday, June 2, 2019

ပဲခူးတွင် ထောင်ကထွက်လာသူက သုံးစရာမရှိသဖြင့် ဓားထောက်ခြိမ်းခြောက်ကာ လုယက်


၁-၆-၂၀၁၉ ရက်နေ့ ၁၀၁၀ အချိန်၊ ပဲခူးမြို့၊ မြို့သစ် (ခ)ရပ်ကွက်၊ ငွေတောင် မိသားစု KTV ဆိုင်တွင် ဆိုင်မန်နေဂျာ မောင်ရဲထက်ဇော် သည် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်သန့် ရှင်းရေး လုပ်နေစဉ် ဆိုင်ကယ် (၁)စီးဖြင့် ကျော်ဇင်ဦး (၄၂) နှစ် (ဘ)ဦးတင်ရွှေ၊ မဟာစေတီ ရပ်ကွက်၊ ပဲခူးမြို့နေသူ ရောက်ရှိလာပြီး ရဲထက်ဇော် အား '' ငါက ၀င်းဇော်ဦး တပည့်၊ အခုငါထောင်က ထွက်လာတာ၊ သုံးစရာ ပိုက်ဆံမရှိဘူး၊ ငါ့ကို ပိုက်ဆံပေးအုံး၊ ပိုက်ဆံမပေးရင် ဓါးနှင့်ထိုး သတ်ပစ်မယ် '' ဟု ရဲထက်ဇော် ၏ ကျောကုန်းအား အရိုးအသွား (၅)လက်မခန့်ရှိ ဓါးဦးချွန် ဓါး (၁)ချောင်းဖြင့် ထောက်ကာ ခြိမ်းခြောက် ငွေတောင်းခံခဲ့ပါသည် ။ 
ဖြစ်စဉ်ဖြစ်ပွားကြောင်း သတင်းရလျှင်ရခြင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်သူ အဖွဲ့နှင့် ပဲခူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော် အဖွဲ့တို့သည် သက်သေများနှင့်အတူ ငွေတောင် မိသားစု KTV ဆိုင်သို့ သွားရောက်ပြီး ဓါးဖြင့် ခြိမ်းခြောက်ငွေတောင်းယူသူ ကျော်ဇင်ဦး အား ဖမ်းဆီးကာ ပဲခူးမြို့မရဲစခန်း (ပ)၁၄၈၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၇ ဖြင့် အမှုဖွင့် အရေးယူဆောင် ရွက်ထား ရှိကြောင်း သိရသည်။ 

Credit - ပဲခူး 
The Ladies News

0 comments:

Post a Comment