Monday, June 3, 2019

သိန္နီမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေ ၃ ဦး ဒဏ်ရာရ


သိန္နီမြို့နယ်၊ သိန္နီ-ကွတ်ခိုင်သွားကားလမ်း မိုင်တိုင်(၂၀၈/၅-၆)ကြား ကျောက်တောင်ကွေ့၌ ဇွန်လ ၂ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
သိန္နီမြို့နယ်၊ သိန္နီ-ကွတ်ခိုင်သွားကားလမ်း မိုင်တိုင်(၂၀၈/၅-၆)ကြား ကျောက်တောင်ကွေ့၌ သိန္နီမြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ ဝင်းမြင့်စိုး(စိစစ်ဆဲ)မောင်းနှင်ပြီး မြင့်စိုး(၄၂)နှစ်၊ မြေယာတော်ကျေးရွာ၊ မြင်းမူမြို့နယ်နေသူပါ ၄ ဦး(ကျား ၃၊ မ ၁)လိုက်ပါလာသည့် MDY GG/×××× AD Van ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ပေ ၅၀ ခန့် ချောက်အတွင်းသို့ ပြုတ်ကျခဲ့ရာ ဝင်းမြင့်စိုးနှင့် မြင့်စိုးတို့ ၂ ဦးမှာ ယာနားထင်/ နှာခေါင်းသွေးထွက်၊ ဝဲလက်/ ညှပ်ရိုးကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဒေါ်မွန်(၄၂)နှစ်၊ မူဆယ်မြို့နယ်နေသူပါ ၃ ဦး(ကျား ၂၊ မ ၁)တို့တွင် နှုတ်ခမ်း/ လက်/ ဒူး ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သိန္နီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ၀င်းမြင့်စိုး(သေဆုံး)အား သိန္နီမြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉(ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News

0 comments:

Post a Comment