Monday, June 3, 2019

CMRS သတင်းအရ သပိတ်ကျင်းမြို့နယ်အတွင်း တရားမဝင် သစ်စက်နှင့် သစ်/ခွဲသား ၃၁ တန်ကျော် ဖမ်းမိ


ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့ စနစ်( CMRS ) ဖြင့် သတင်းပေးပို့ချက် အရသပိတ်ကျင်းမြို့နယ်အတွင်းတရားမဝင်သစ်စက်နှင့် သစ်/ခွဲသား ၃၁ တန်ကျော်ကို တရားခံ ၁ ဦးနှင့်အတူ မေ ၃၁ က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ့သစ်တောမှ ယနေ့ (ဇွန် ၃ ) သတင်းထုတ်ပြန်သည်။ 
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန် ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် CMRS သတင်းအရ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်လမ်း မိုင်တိုင်အမှတ်(၈/၀)အနီး ကျောက်ဖြူကျေးရွာ၏အနီးပတ်ဝန်းကျင်တွင် တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်း/ပိတောက်/တမလန်း/ပျဉ်းကတိုး/အင်ကြင်း/တမလန်းတယော ပုံလောင်း သစ်/ ခွဲသား(၃၉၇၈)လုံး/ချောင်း (၃၁.၇၇၂၆)တန်ကိုတရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရှိရသည်။ 



The Ladies News

0 comments:

Post a Comment