Thursday, August 29, 2019

အစ္စရေးဒရုန်း ၃ စင်းကို လက်ဘနွန်စစ်တပ် ပစ်ခတ်

သြဂုတ်လ ၂၈ ရက်နေ့မှာ လက်ဘနွန်လေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ အစ္စရေးဒရုန်း ၃ စင်းကို လက်ဘနွန်စစ်တပ်က M16 ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေး လေပိုင်နက်ထဲ ပြန်လှည့်သွားကြတယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။

ရေကြီးမှုကြောင့် အဖြေလွှာတင်ရက်ထပ်တိုးပေးရန် အဝေးသင်ကျောင်းသားများ တောင်းဆို

မွန်ပြည်နယ်မှာ ရေဘေးနဲ့ကြုံတွေ့နေရတာကြောင့် အဝေးသင် ဒုတိယနှစ်နဲ့အထက် စာစဉ် အဖြေလွှာတင်သွင်းရမယ့် နေ့ရက်ကို ထပ်မံတိုးမြှင့်ပေးဖို့ မော်လမြိုင် တက္ကသိုလ် အဝေးသင် ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ရေတပ် ဖျက်သင်္ဘောတစီး အငြင်းပွား တောင်တရုတ်ပင်လယ်ထဲ ဖြတ်မောင်း

အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစီးဟာ သြဂုတ် ၂၈ ရက်နေ့မှာ အငြင်းပွား တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတွေအနား ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

အမေရိကန်တပ်များ အာဖဂန်မှ ပြန်ရုပ်သိမ်းရန် စောနေသေးဟု ဗိုလ်ချုပ်ကြီး ဂျိုးဇက်ပြော

အာဖဂန်နစ္စတန်ကနေ အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်တွေ ပြန်ရုပ်သိမ်းရေး ဆွေးနွေးဖို့ စောလွန်းသေးတယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးတယောက်က သြဂုတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ထိုင်း တရားရုံးချုပ်အနေဖြင့် ၀င်းနဲ့ဇော်တို့ အပေါ် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်သင့်ခဲ့ဟုဆို


ထိုင်းနိုင်ငံ ခိုထောင်ကျွန်းမှာ ၂၀၁၄ ခုနှစ်က ဗြိတိသျှ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးသတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးရဲ့ အယူခံကို ထိုင်း တရားရုံးချုပ်က သြဂုတ် ၂၉ ရက်မှာ ပယ်ချသွားခဲ့ပြီး သေဒဏ်ကို ဆက်လက် အတည်ပြုလိုက်ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း သူတို့ နှစ်ဦးအပေါ် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်သင့်ကြောင်း ၄င်းတို့ နှစ်ဦးရဲ့ ဥပဒေကြောင်းဆိုင်ရာ ခုခံကာကွယ်ရေးအဖွဲ့မှ နိုင်ငံတကာ ဥပဒေအကြံပေးဖြစ်သူက ပြောဆိုခဲ့ပါတယ်။ 

IWFM မှ ဦးဆောင်၍အလုပ်​သမား အခွင့်​အ​ရေးများကိစ္စဆန္ဒထုတ်ဖော်

Image may contain: 8 people, people standing, crowd and outdoor
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ အဖွဲ့ဝင် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM မှ ဦးဆောင်၍ အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်ပြီး သြဂုတ်လ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်အတွင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် စိုးရိမ်ရေအမှတ် ကျော်လွန်

Image may contain: sky, outdoor, nature and water
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ မိုးအဆက် မပြတ်ရွာသွန်းနေတာကြောင့် တနင်္သာရီမြစ်ရေဟာ သြဂုတ်လ(၂၇)ရက် တိုင်းတာချက်တွေအရ စိုးရိမ်ရေအမှတ် (၁၇)ပေကို ပြန်လည်ရောက်ရှိခဲ့ပြီး မြို့နယ်ထဲက နေရာအချို့မှာ ဒုတိယအကြိမ် မြစ်ရေထပ်မံဝင်ရောက်နေပါတယ်။

သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း)ရှိ ၂၀ ပေရှိ တံတားကမ်းကပ်ခုံ အက်ကွဲနိမ့်ကျမှု ဖြစ်ပွား

Image may contain: plant and outdoor

သြဂုတ် ၂၉ ရက် ယနေ့နံနက် (၁၀း၃၀)နာရီအချိန်တွင် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) မိုင်တိုင်အမှတ် (၁၇/၅ - ၁၇/၆) အတွင်းရှိ အရှည် (၂၀)ပေ တံတား၏ ကမ်းကပ်ခုံမှာ အက်ကွဲ နိမ့်ကျသွားပါသဖြင့် အတက်ကား ယာဉ်ကြီးများအတွက် ယခင်က လမ်းကြောင်းပေးထားသည့် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် လမ်းအစား သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တွင် ထူးခြားဒီရေတက်နိုင်၍ ကြိုတင်ကာကွယ်ရန် ညွှန်ကြား

ရန်ကုန်မြို့၌ ဩဂုတ် ၃၁ ရက်တွင် ထူးခြားဒီရေ ၂၂ ပေကျော်အထိ မြင့်တက်နိုင်၍ ကြို တင်ကာကွယ်ရန် မြို့နယ်အလိုက် ညွှန်ကြားထားကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် တရားရုံးက လက်ထပ်စာချုပ်ပုံစံတွင် “အပျိုစင်” စကားလုံးကို ဖယ်ရှား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးများသည် လက်ထပ်စာချုပ်ပုံစံတွင် ၎င်းတို့ အပျိုစင်ဖြစ်ကြောင်း ကြေညာရန် မလိုအပ်တော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဥရောပသွားမည့် ရွှေ့ပြောင်းလှေ လစ်ဗျားကမ်းလွန်တွင် နစ်မြုပ်၊ လူ ၄၀ သေပျောက်

ဥရောပကို သွားမယ့် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီး လစ်ဗျားနိုင်ငံ ကမ်းလွန်မှာ နစ်မြုပ်ပျက်စီးပြီး လူအယောက် ၄၀ လောက် သေဆုံး ပျောက်ဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ပြောပါတယ်။

ရန်ကုန်မှစစ်တွေသို့ ပို့ဆောင်မည့် ကျပ်သိန်းပေါင်း ၂၂,၀၀၀ ကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်မှာ သြဂုတ် ၂၇ ရက် ညက ရန်ကုန်မှ စစ်တွေသို့ထွက်ခွာလာတဲ့ မင်းထက်သာခရီးသည်တင်ယာဉ်ပေါ်ကနေ စစ်တွေကိုပို့ဆောင်မယ့် ကျပ်သိန်း ၂၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ ကျောက်ဖြူရဲစခန်းက သိရပါတယ်။

Wednesday, August 28, 2019

ရိုးရာဝတ်စုံကို ပုံဖျက်ဝတ်ဆင်ခဲ့သော ကျော်ကျော်နန္ဒကို သဘင်အစည်းအရုံးက အရေးယူမည်

Image may contain: 1 person, standing
Miss Sweet Lady Boy Grand Final ပြိုင်ပွဲကြီးတွင် သီချင်းသီဆိုဖျော်ဖြေစဉ် ဝတ်ဆင်ခဲ့သော ကျော်ကျော်နန္ဒ၏ ဝတ်စုံနှင့်ပတ်သက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စုံကို ပုံဖျက်ဝတ်ဆင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံးက တရားစွဲဆိုသည်အထိ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းက စံတော်ချိန်သို့ ပြောဆိုသည်။

တပ်မတော်က ပြုပြင်တည်ဆောက်ပြီးသည့် ၃၁ မိုင်တံတားအား အကြမ်းဖက်သောင်းကျန်းသူ များက ထပ်မံဖောက်ခွဲ ဖျက်ဆီးသဖြင့် ဒေသခံပြည်သူများ သွားလာမှုအခက်အခဲဖြစ်နေ

No photo description available.

AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်မှ ပြန်လည် ပြုပြင် တည်ဆောက်ပြီးစီးပြီးဖြစ်သည့် နားတီးကျေးရွာအနီး အလျား ၅၀ ပေ၊ အနံ ၂၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား (၃၁)မိုင်တံတားအား သြဂုတ်လ ၂၇ ရက်ည ၁၁ နာရီခန့် တွင် ထပ်မံဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် သွားလာမှု ထပ်မံပြတ်တောက် ခဲ့ပြီး ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာမှု အခက်အခဲများ ထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ထားသည်။

ဝင်းနှင့် ဇော် နောက်ဆုံးအယူခံရူံးနိမ့်၊ သေဒဏ်ကို ဆက်လက်အတည်ပြု

Image may contain: 1 person
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျနေသော မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံကို ထိုင်းတရားရုံးက အမိန့်ချရာ အယူခံရူံးနှိမ့်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုလိုက်ပြီဖြစ်သည်။

လွိုင်ကော်မြို့ အတွင်း ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: one or more people

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အဝေးပြေးကားဂိတ် အတွင်းရှိ ရွှေရာဇာ ကားဂိတ်သို့ မကေသီမြတ် (ဘ)ဦးဘိုသည် မန္တလေး မြို့သို့ ပို့ဆောင်ရန် ပါဆယ်ထုပ် တစ်ထုပ် လာရောက် ပို့ဆောင်စဉ် တာဝန်ရှိ သူများက ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်အတွင်း ပဲနို့ဘူးခွံများဖြင့် ထုပ်ပိုးထားသော ပွိုင့်-၂၂ ကျည် ၁၅၀၀ တောင့်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ်လ ၂၉ ရက် (ယနေ့) နံနက်ပိုင်းက သတင်းထုတ် ပြန်ထားသည်။

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ

No photo description available.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် မြို့နယ်၊ နားပွဲကျေးရွာ အနီးတစ်ဝိုက်မှာ သြဂုတ်(၂၇)ရက် ညနေပိုင်းက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်တွေကို ထပ်မံသိမ်းဆည်းရမိတယ်လို့ သြဂုတ်(၂၈) ရက် ရက်စွဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီသည် မူဝါဒကောင်းများ ခေါင်းဆောင်ကောင်းများ ရှိသည့်အပြင် ၂၄ နာရီအတွင်း ချက်ချင်းအစိုးရဖွဲ့ပြီး တိုင်းပြည်တာဝန် ယူနိုင်သော အင်အားတောင့်တင်းသည့် ပါတီဖြစ်ဟုဆို

No photo description available.

ပြည်ခိုင်ဖြိုးပါတီသည် တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုနိုင်သည့် မူဝါဒကောင်းများ၊ ခေါင်းဆောင်ကောင်းများရှိသည့် အပြင် ပြည်သူများ မဲပေးပြီးရွေးချယ်ပါက ၂၄ နာရီအတွင်း ချက်ချင်းအစိုးရဖွဲ့ပြီး တိုင်းပြည် တာဝန်ယူနိုင်သော အင်အားတောင့်တင်းသည့် ပါတီဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သြဂုတ် ၂၈ ရက် တွင်ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။

ဗြိတိန် ပါလီမန် ယာယီရပ်ဆိုင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်

ဗြိတိန် ပါလီမန်ကို ယာယီ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ မေတ္တာရပ်ခံမှုကို ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်က သြဂုတ် ၂၈ ရက်မှာ လက်ခံအတည်ပြုပေးလိုက်ပါတယ်။

K Pop စတား ရဲဌာနသို့ လာရောက်.

Image may contain: 1 person, standing
လောင်းကစားနှင့်ပတ်သက်ဆက်နွှယ်သည်ဟု စွပ်စွဲခံထားရသည့် တောင်ကိုရီးယား K Pop စတား ၊ Big Bang အဖွဲ့ဝင် တစ်ယောက်ဖြစ်သည့် Seungri က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲဌာနသို့ သြဂုတ် ၂၈ ရက်က လာရောက်ခဲ့စဉ်။