Wednesday, August 28, 2019

ဝင်းနှင့် ဇော် နောက်ဆုံးအယူခံရူံးနိမ့်၊ သေဒဏ်ကို ဆက်လက်အတည်ပြု

Image may contain: 1 person
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျနေသော မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံကို ထိုင်းတရားရုံးက အမိန့်ချရာ အယူခံရူံးနှိမ့်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုလိုက်ပြီဖြစ်သည်။

ဘန်ကောက်မြို့ရှိ နွန်ထဘုရီခရိုင်တရားရုံးတွင် တရားသူကြီးက မြန်မာလုပ်သားနှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ ရှေ့မှောက်တွင် ဖတ်ကြားခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးရှေ့ရောက်ရှိနေသည့် လိပ်ကျွန်းလူသတ်မှုအရေးဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှဦးထူးချစ်က ပြောသည်။

တရားသူကြီးက ထိုင်းစံတော်ချိန် နံနက် ၁၀နာရီမှစ၍ အမှု့ကို စတင်ဖတ်ကြားပြီး နေ့လည် ၁ နာရီထိ အချိန် ၄ နာရီကြာ ဖတ်ကြားခဲ့ကြောင်း ဦးထူးချစ်က ပြောသည်။
Image may contain: 3 people, people standing
သတင်း- ငြိမ်းချမ်း
ဓာတ်ပုံ- ရိုက်တာ
7Day

0 comments:

Post a Comment