Thursday, August 29, 2019

သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း)ရှိ ၂၀ ပေရှိ တံတားကမ်းကပ်ခုံ အက်ကွဲနိမ့်ကျမှု ဖြစ်ပွား

Image may contain: plant and outdoor

သြဂုတ် ၂၉ ရက် ယနေ့နံနက် (၁၀း၃၀)နာရီအချိန်တွင် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) မိုင်တိုင်အမှတ် (၁၇/၅ - ၁၇/၆) အတွင်းရှိ အရှည် (၂၀)ပေ တံတား၏ ကမ်းကပ်ခုံမှာ အက်ကွဲ နိမ့်ကျသွားပါသဖြင့် အတက်ကား ယာဉ်ကြီးများအတွက် ယခင်က လမ်းကြောင်းပေးထားသည့် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် လမ်းအစား သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆင်းကားများ အနေဖြင့် ကျားကလေး - ဇာသပြင် - အိန္ဒု - နောင်လုံ တောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန်လည်း အသိပေး ကြေညာ ထားသည်။
အိန္ဒု - နောင်လုံ ကြားရှိ မြပြည်တံတားမှာ အရေးပေါ် တည်ဆောက် ထားသော ဘေလီတံတားဖြစ်သည့်အတွက် ယာယီအနေဖြင့် ၁၂ ဘီး တပ်ယာဉ်နှင့် (ယာဉ်+ကုန် = ၂၅ တန်) ယာဉ်များသာ ခွင့်ပြုထား ကြောင်း သိရသည်။ အဆိုပါ တံတားအား (ယာဉ်+ကုန် = ၄၈ တန်) ခံနိုင်စေရန် တံတားအထူးအဖွဲ့ က ဆက်လက် ဆောင်ရွက်ပြီးမှသာ (ယာဉ်+ကုန် = ၂၅ တန်)အထက် ယာဉ်များကို ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။
မော်တော်ယာဉ်များ အနေဖြင့် သတ်မှတ်တန်ချိန်အတိုင်းသာ တင်ဆောင်ကြပါရန်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက အသိပေး ကြေညာထားသည်။
The Ladies News

0 comments:

Post a Comment