Thursday, August 29, 2019

အစ္စရေးဒရုန်း ၃ စင်းကို လက်ဘနွန်စစ်တပ် ပစ်ခတ်

သြဂုတ်လ ၂၈ ရက်နေ့မှာ လက်ဘနွန်လေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ အစ္စရေးဒရုန်း ၃ စင်းကို လက်ဘနွန်စစ်တပ်က M16 ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေး လေပိုင်နက်ထဲ ပြန်လှည့်သွားကြတယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။

လက်ဘနွန်လေကြောင်း ပိုင်နက်ထဲကို အစ္စရေး လေယာဉ်တွေ မကြာခဏ ဝင်လာလေ့ရှိပေမယ့် လက်ဘနွန်စစ်တပ်က အခုလို ပြန်ပစ်ခတ်တဲ့ လုပ်ရပ်ကတော့ ရှားပါတယ်။
လေကြောင်းပိုင်နက် ကျူးကျော်တဲ့ အစ္စရေးရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ လက်ဘနွန်က ကုလသမဂ္ဂမှာ ထပ်တလဲလဲ တိုင်ကြားခဲ့ပါတယ်။
မနေ့ညပိုင်းက အစ္စရေးနဲ့ နယ်စပ်ကနေ လက်ဘနွန် ပိုင်နက်ထဲကို စုစုပေါင်း ဒရုန်း ၃ စင်း ဝင်လာခဲ့ပြီး အဲဒီထဲက ၂ စင်းကို လက်ဘနွန်စစ်တပ်က ပစ်ခတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၃ စင်းစလုံး အစ္စရေး ပိုင်နက်ထဲ ပြန်သွားခဲ့တယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။
လက်ဘနွန် စစ်တပ်မှာ လေကြောင်းရန် ကာကွယ်ရေးစနစ် မရှိပါဘူး။ မကြာသေးခင်ကလည်း လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်လာတဲ့ အစ္စရေး ဒရုန်း ၂ စင်း ပျက်ကျခဲ့ပါသေးတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်ဘနွန်အနေနဲ့ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ခွင့်ရှိတယ်လို့ လက်ဘနွန်သမ္မတ မီရှဲယ်အာဝန်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းဒေသဟာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟီဘိုလာအဖွဲ့ ထိန်းချုပ်ထားနဲ့ နယ်မြေ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အပြီး မြေပြင်အခြေအနေက အေးအေးဆေးဆေးပဲလို့ နယ်စပ်က မျက်မြင်သက်သေတယောက်က ပြောပါတယ်။ အစ္စရေး စစ်တပ် ပြောခွင့်ရကတော့ အစီရင်ခံစာတွေကို စစ်ဆေးနေဆဲလို့ ပြောပါတယ်။
DVB

0 comments:

Post a Comment