Thursday, August 29, 2019

ရန်ကုန်တွင် ထူးခြားဒီရေတက်နိုင်၍ ကြိုတင်ကာကွယ်ရန် ညွှန်ကြား

ရန်ကုန်မြို့၌ ဩဂုတ် ၃၁ ရက်တွင် ထူးခြားဒီရေ ၂၂ ပေကျော်အထိ မြင့်တက်နိုင်၍ ကြို တင်ကာကွယ်ရန် မြို့နယ်အလိုက် ညွှန်ကြားထားကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထူးခြားဒီရေကြောင့် ထိခိုက်မှုများ မဖြစ်ပေါ်စေရေး မြစ်၊ ချောင်းဘေးတစ်လျှောက် သဲ အိတ်များဖို့၍ အနီးကပ်စောင့် ကြည့်ရန် ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။
 ‘‘အဓိကကတော့ မြစ် ချောင်းဘေးက မြို့နယ်တွေအနေ နဲ့ ထူးခြားမှုတွေကို သတင်းပို့ဖို့ လည်း ပြောထားတယ်။ လိုအပ် တာတွေလည်း တင်ပြခိုင်းထား တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။
ရန်ကုန်မြို့တွင် ဩဂုတ်လ ဆန်းက ဒီရေ ၂၂ ပေ ကျော်အထိ မြင့်တက်ကာ တစ်လအတွင်း ထပ်မံ၍ ထူးခြားဒီရေမြင့်တက်မှု ဖြစ်ပေါ်ရန် ရှိနေသည်။
ဩဂုတ်လဆန်းက ကြိုတင် ပြင်ဆင်စောင့်ကြည့်သဖြင့် ထိ ခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးအချို့က ဆိုသည်။
 ‘‘မြစ်ထွက်ပေါက်တွေကို လည်း အမြဲစောင့်ကြည့်နေတယ်။ မြစ်ချောင်းဘေးမှာနေထိုင်တဲ့သူ တွေကိုလည်း သတိပေးလှုံ့ဆော် ထားတယ်။ ထူးခြားမှုရှိရင် ဆက် သွယ်ဖို့ ဖုန်းနံပါတ်တွေလည်း ပေးထားတယ်။ လက်ရှိပြင်ဆင် ထားတဲ့ အနေအထားအရဆိုရင် သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် စည် ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင် လှိုင်က ပြောသည်။
ထိုသို့ ထူးခြားဒီရေမြင့်တက် ချိန်တွင် မုန်တိုင်းမရှိရန်၊ မိုးရွာ သွန်းပါက မိုးရေချိန်မများစေရန် မျှော်လင့်ရပြီး ယင်းဖြစ်ရပ်များနှင့်ကြုံတွေ့ပါက ရေကြီးနစ်မြုပ်မှုအခြေအနေဆိုးနှင့် ကြုံတွေ့ရနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမှူး ဒေါ်လှိုင်မော်ဦးကဆိုသည်။
‘‘ဒီရေတက်လို့ ရေတံခါးပိတ်ရင်၊ မိုးတွေအရမ်းရွာလို့ ရေတံခါးပိတ်ထားရင် ရေမထွက်နိုင်ဘူး။ အဲဒီလိုမထွက်နိုင်ရင် တချို့ရပ်ကွက်တွေမှာ ရေကြီးသွားတဲ့ အခြေအနေရှိတယ်’’ဟု ၎င်းက ပြော သည်။
7Day

0 comments:

Post a Comment