Wednesday, August 28, 2019

ပြည်ခိုင်ဖြိုးပါတီသည် မူဝါဒကောင်းများ ခေါင်းဆောင်ကောင်းများ ရှိသည့်အပြင် ၂၄ နာရီအတွင်း ချက်ချင်းအစိုးရဖွဲ့ပြီး တိုင်းပြည်တာဝန် ယူနိုင်သော အင်အားတောင့်တင်းသည့် ပါတီဖြစ်ဟုဆို

No photo description available.

ပြည်ခိုင်ဖြိုးပါတီသည် တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုနိုင်သည့် မူဝါဒကောင်းများ၊ ခေါင်းဆောင်ကောင်းများရှိသည့် အပြင် ပြည်သူများ မဲပေးပြီးရွေးချယ်ပါက ၂၄ နာရီအတွင်း ချက်ချင်းအစိုးရဖွဲ့ပြီး တိုင်းပြည် တာဝန်ယူနိုင်သော အင်အားတောင့်တင်းသည့် ပါတီဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သြဂုတ် ၂၈ ရက် တွင်ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။

မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနားတွင် ဒေါက်တာနန္ဒာလှမြင့်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီသည် လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံထားသည့်ပါတီမဟုတ်ဘဲ မူဝါဒနှင့် လုပ်ငန်းစဉ်ပေါ်မှာ အခြေခံ ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်စဉ်ကလည်း ပြည်ခိုင်ဖြိုးပါတီသည် ရှင်သန်လျက်ဖြစ်ပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်လုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
ဒီကနေ့ ဥက္ကဋ္ဌကြီး ဦးသန်းဌေး ဦးဆောင်တော့လည်း ကျွန်တော်တို့ပါတီ လှုပ်ရှားလျက်ပဲ၊ ရှင်သန်လျက်ပဲ၊ နောက်ထပ်လူတစ်ဦးကို ဥက္ကဋ္ဌတာဝန် လွဲပြောင်းပေးမယ်ဆိုရင်လည်း ရှင်သန်လျက်ပဲ တိုင်းပြည်နဲ့ လူမျိုး အတွက် အလုပ်လုပ်ပေးလျက်ပဲ”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မအူပင်ခရိုင်ရှိ မြို့နယ်ပေါင်း(၁၁)မြို့နယ်မှ လူငယ်များနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟို လူငယ်ရေးရာကော်မတီဝင်များဖြစ်သော ဒေါက်တာနန္ဒာလှမြင့်၊ ဒေါ်ကျော့ယဉ်ဝင်း၊ ဦးလှထွန်းဦးနှင့် တိုင်းခရိုင်မြို့နယ်များမှ အလုပ်အမှုဆောင်များနှင့် ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သတင်းဖော်ပြချက်အရ သိရသည်။
The Ladies News

0 comments:

Post a Comment