Wednesday, August 28, 2019

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ

No photo description available.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် မြို့နယ်၊ နားပွဲကျေးရွာ အနီးတစ်ဝိုက်မှာ သြဂုတ်(၂၇)ရက် ညနေပိုင်းက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်တွေကို ထပ်မံသိမ်းဆည်းရမိတယ်လို့ သြဂုတ်(၂၈) ရက် ရက်စွဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်(၂၃)ရက်နဲ့ (၂၆)ရက်တို့မှာ သတင်းထုတ်ပြန်ခဲ့တဲ့ နမ့်စန် မြို့နယ်၊ နားပွဲကျေးရွာ အနီးတစ်ဝိုက်က မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးရမိပြီး စိစစ်မေးမြန်းချက်အရ မူးယစ်ဆေးဝါးချက်လုပ်တဲ့ အဆောက်အအုံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ကျန်ရှိနေသေးတယ်လို့ သိရတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ထပ်မံသွားရောက်ရှာဖွေတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုရှာဖွေရာမှာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာအသုံးပြုတဲ့ မိုးကာတဲခြောက်လုံး၊ မွှေအိုးတစ်လုံး၊ ပေါင်းအိုးတစ်လုံး၊ ရေခဲသေတ္တာငါးလုံး၊ ဆေးပြားရိုက်စက်နှစ်လုံး၊ ဖိစက်တစ်လုံး၊ မူးယစ်ဆေးဝါးအခြောက်ခံဗန်း သုံးချပ်၊ ဂါလန်(၅၀)ဆံ့ အက်စစ် (အရည်ပါ) ကော်ပီပါ (၇၀) လုံးနဲ့ သရီးကရောင်း မော်တော်ယာဉ်နှစ်စီး တို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ 
အဲဒီ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင်ရာကို စနစ်တကျ လွှဲပြောင်း အပ်နှံ သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
No photo description available.
Image may contain: car and outdoor
Image may contain: outdoor and nature
No photo description available.

Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment