Thursday, August 29, 2019

တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် စိုးရိမ်ရေအမှတ် ကျော်လွန်

Image may contain: sky, outdoor, nature and water
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ မိုးအဆက် မပြတ်ရွာသွန်းနေတာကြောင့် တနင်္သာရီမြစ်ရေဟာ သြဂုတ်လ(၂၇)ရက် တိုင်းတာချက်တွေအရ စိုးရိမ်ရေအမှတ် (၁၇)ပေကို ပြန်လည်ရောက်ရှိခဲ့ပြီး မြို့နယ်ထဲက နေရာအချို့မှာ ဒုတိယအကြိမ် မြစ်ရေထပ်မံဝင်ရောက်နေပါတယ်။

တနင်္သာရီမြစ်ရေဟာ သြဂုတ်လ(၂၈)ရက် ညနေ(၆)နာရီအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် အထက် (၂)ပေကျော် ကျော်လွန်ကာ (၁၉)ပေကျော်အထိ ရောက်ရှိလာတာကြောင့် ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ မြစ်ရေဝင်ရောက်လာပြီး ယာယီရေဘေး ကယ်ဆယ်ရေးစခန်း(၄)ခု ဖွင့်လှစ်ထားတယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်မှုကော်မတီဆီကနေ သိရပါတယ်။ 
ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်နဲ့ ဘန်းသဲကျေးရွာတွေက စုအိမ်ထောင်စု (၅၅)စု လူဦးရေ (၂၇၁)ဦးတို့ကိုလည်း ယာယီကယ်ဆယ်ရေးစခန်း အသီးသီးကို ပြောင်းရွှေ့ပေးထားရတယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်မှုကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Image may contain: one or more people, tree, outdoor, water and nature
Image may contain: one or more people and outdoor
Image may contain: outdoor, water and nature
Image may contain: sky, bridge, outdoor and water


သတင်း- နန်းသာရီ-ထိန်ဝင်း

0 comments:

Post a Comment