Thursday, August 29, 2019

IWFM မှ ဦးဆောင်၍အလုပ်​သမား အခွင့်​အ​ရေးများကိစ္စဆန္ဒထုတ်ဖော်

Image may contain: 8 people, people standing, crowd and outdoor
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ အဖွဲ့ဝင် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM မှ ဦးဆောင်၍ အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်ပြီး သြဂုတ်လ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်အတွင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင်ရန်ကုန်နှင့် ပဲခူးမြို့နယ်ရှိ IWFM အဖွဲ့ဝင် အခြေခံအလုပ်သမားအဖွဲ့အစည်း ၅၀ ကျော်မှ အလုပ်သမား ထောင်နှင့်ချီပါဝင်ခဲ့ကြပြီး လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်အိမ်ယာအနီးမှ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်း၊ ရန်ကုန် ပုသိမ် လမ်းမကြီးအတိုင်း စီတန်းလှည့်လည် ၍ (BOC) အဝိုင်းမှ ရန်ကုန် ညောင်တုန်း လမ်းမကြီးအတိုင်း ရုံးရှေ့မှတ်တိုင်အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် အလုပ်ပြန်ရလိုသည့်အတွက် တိုင်ကြားသည့် အငြင်းပွားမှုအား အကျိုးစီးပွားအဖြစ် အသိအမှတ်ပြု သတ်မှတ် ဖြေရှင်းပေးရေး၊ အငြင်းပွားမှုများ ဖြေရှင်းရာ၌ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း “အငြင်းပွားမှု’’ ဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်အညီ အကောင်အထည်ဖော်ဆောင်ရွက် ပေးရေး၊ ကျောက်တန်းမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဥပဒေ အတိုင်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် အလုပ်ပြန်လည်ရရှိခွင့်ဆုံးရှုံးသွားသည့် အလုပ်သမားကိုယ်စားလှယ် ၂ ဦး၏ နစ်နာမှုအား ဖြေရှင်းပေးရေးစသည့်အချက်များကို ကြွေးကြော်ခဲ့ကြသည်။
Image may contain: 24 people, people smiling, crowd and outdoor
Image may contain: 5 people, people standing, sky, tree and outdoor
Image may contain: 16 people, people smiling, crowd and outdoor
Image may contain: 7 people, people smiling, people standing, sky and outdoor
Image may contain: 5 people, people smiling, people standing, sky and outdoor
Image may contain: 6 people, people smiling, people standing, child and outdoor
ဓာတ်ပုံ -အောင်ကျော်ထက် /ဧရာဝတီ

0 comments:

Post a Comment