Thursday, August 29, 2019

အမေရိကန်တပ်များ အာဖဂန်မှ ပြန်ရုပ်သိမ်းရန် စောနေသေးဟု ဗိုလ်ချုပ်ကြီး ဂျိုးဇက်ပြော

အာဖဂန်နစ္စတန်ကနေ အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်တွေ ပြန်ရုပ်သိမ်းရေး ဆွေးနွေးဖို့ စောလွန်းသေးတယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးတယောက်က သြဂုတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

၁၈ နှစ်ကြာနေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန်တို့ သဘောတူညီချက်ရဖို့ နီးစပ်နေတဲ့ချိန်မှာ ခုလို ပြောလိုက်တာပါ။
“အချိန်မတန်သေးဘူးလို့ ကျနော်ထင်တယ‌်။ အခုချိန်မှာ တပ်ပြန်ဆုတ်မယ်ဆိုတဲ့ စကားကို ကျနော် မသုံးဘူး”လို့ ပူးတွဲစစ်ဦးစီး အရာရှိချုပ်များအဖွဲ့ ဥက္ကဋ္ဌ မရိန်း ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်ဖော့ဒ်က ပင်တဂွန် စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် တပ်တွေ ရုပ်သိမ်းရေးဟာ ဆွေးနွေးပွဲကနေ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ဆိုပါတယ်။
အာဖဂန်နစ္စတန်ကို နိုင်ငံတကာ စစ်သွေးကြွတွေရဲ့ ကောင်းကင်ဘုံ ဖြစ်လာစေဖို့ တာလီဘန်တွေက ကတိပေးရေးအတွက် အပြန်အလှန်အနေနဲ့ အမေရိကန်တပ်တွေ အာဖဂန်ကနေ ထွက်သွားရေး သဘောတူညီချက်ရဖို့ နီးလာပြီလို့ တာလီဘန်တွေက ဩဂုတ် ၂၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံတွင်း ၁၈ နှစ်ကြာ စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ဆွေးနွေးပွဲတွေကို မနှစ်ကစပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတာပါ။ ၉ ကြိမ်မြောက် ဆွေးနွေးပွဲတွေကို အရင်အပတ်က စတင်ဆွေးနွေးခဲ့ပါတယ်။
DVB

0 comments:

Post a Comment