Sunday, December 30, 2018

မိဘအပေါ်သိတတ်သည့် ထိုင်ဝမ်အမျိုးသား၏ အခက်အခဲကို ၀ိုင်းဝန်းကူညီသူ များပြား


မိဘအပေါ် သိတတ်လိမ္မာတဲ့ သားသမီးတိုင်းဟာ ဘယ်တော့မှ ဒုက္ခမရောက်ဘူးဆိုတဲ့ အခြေအနေကို သက်သေပြနိုင်တဲ့ ဖြစ်ရပ်တခု တိုင်ပေမှာဖြစ်ပွားခဲ့ပါတယ်။ 

ပြည်ထောင်စုလွှတ်တော် ဇန်န၀ါရီ ၂၁ ရက်နေ့ ပြန်စမည်


ရပ်နားထားတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာမယ့် ဇန်နဝါရီ ၂၁ ရက်မှာ ပြန်စမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာပါတယ်။ 

သင်္ဃန်းကျွန်းတွင် ထိုင်ဝမ်နိုင်ငံသားတဦးအား ထိုးကြိတ်၍ ငွေနှင့်ဖုန်း လုယက်

သင်္ဃန်းကျွန်းမြို့နယ်မှာ ထိုင်းဝမ်နိုင်ငံသားတဦးအား ထိုးကြိတ်ပြီ ငွေနဲ့ လက်ကိုင်ဖုန်း လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ 

မင်္ဂလာဒုံမြို့နယ်တွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ နေအိမ်များ မီးလောင်ကျွမ်း


မင်္ဂလာဒုံမြို့နယ်မှာ မနေ့ညနေက ရေခဲသေတ္တာ အပူလွန်ကဲရာမှာ နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ 

ထားဝယ်တွင် သန့်ရှင်းရေးဝန်ထမ်းများကို ဂုဏ်ပြုမည်


ထားဝယ်မြို့ရှိ သန့်ရှင်းရေးဝန်ထမ်းများကို အခမ်းအနားဖြင့် ဂုဏ်ပြုပွဲကျင်းပမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

မြောင်းမြတံတားသစ် မတ်လအတွင်း အပြီးတည်ဆောက်မည်


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြတံတားသစ်တည်ဆောက်နေမှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်က ၇၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်၍ မတ်လအတွင်းပြီးစီးရန် တည်ဆောက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 

မြန်မာ့မီးရထားခရီးစဉ်များတွင် လေအိတ်တွဲများဖြင့် ပြောင်းလဲပြေးဆွဲရန် စီစဉ်

မြန်မာ့မီးရထားခရီးစဉ်များတွင် ပြေးဆွဲလျက်ရှိသည့် လူစီးရထားတွဲများနေရာ၌ လေအိတ်ရထားတွဲများဖြင့် အစားထိုးပြောင်းလဲပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားထံမှ သိရသည်။ 

နယ်စပ်တံတိုင်းဆောက်ခွင့်မရပါက မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်မည်ဟု ထရမ့်ခြိမ်းခြောက်


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေအတွက် ဘတ်ဂျက်ကိုလွှတ်တော်က အတည်မပြုပါက အမေရိကန်-မက္ကဆီကို နယ်စပ်ကို လုံးဝပိတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်ကြောင်း Aljazeera သတင်းတွင် ဖော်ပြထားသည်။ 

ကျိုင်းတုံတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကျော်ဖမ်းမိ


ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ကြန်ဆတ်ရွာဘုန်းကြီးကျောင်းအနီးတွင် ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးထံမှ ကျပ် ၁၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကျော် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းလတ်က ပြောသည်။ 

ကသာ - ဗန်းမော် မီးရထားလမ်း ဖောက်လုပ်မှု လယ်ယာမြေဆုံးရှုံးသူများကို နစ်နာကြေးပေး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ရထားလမ်းဖောက်လုပ်ရာတွင် လယ်ယာမြေများဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက နစ်နာကြေးများ ပေးအပ်ခဲ့ကြောင်း ကသာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြော ကြားသည်။ 

ဒဂုံတောင်၌ YBS ဝင်တိုက်ကြိတ်မိ၍ စက်ဘီးစီးသူ သေဆုံး

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းရှိ နတ်စင်မှတ်တိုင်အနီးတွင် ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီက YBS (၁) ခရီးသည်တင်ယာဉ်တစ်စီးမှ စက်ဘီးကို ဝင်တိုက်မိသောကြောင့် စက်ဘီးနင်းသူ အမျိုးသမီးမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

စဥ့်အိုးတန်း ကမ်းနားညဈေးတွင် ရန်ပွဲဝင်ဖျန်ဖြေသည့် အမျိုးသား ဓားထိုးခံရ

ဆိပ်ကမ်းမြို့နယ်အပိုင် စဥ့်အိုးတန်း ညဈေးတန်းတွင် ဒီဇင်ဘာလ ၂၈ ရက် ည ၈ နာရီက ရန်ပွဲဝင်ဖျန်ဖြေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဆရာဝန်တစ်ဦးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို မြို့တော်ဝန်ဆု ချီးမြှင့်


မန္တလေးမြို့တော်ဝန်က မန္တလေးဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန်တစ်ဦးနှင့် စည်ပင်ဝန်ထမ်း ၅ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၆ ဦးကို မြို့တော်ဝန်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ဘားအံမြို့၊ ဇွဲကပင်ခန်း၌ ပထမဆုံးအကြိမ် အောင်လက်မှတ်ပေးပွဲ အခမ်းအနား ပြုလုပ်


အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ၏ ပထမဆုံးအကြိမ် အောင်လက်မှတ်ပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်း၌ ပြုလုပ်ခဲ့သည်။ 

ပဲ့စင်ကျွန်း အပါအဝင် ကျွန်း/ကမ်းခြေနေရာလေးခုတွင် အပန်းဖြေစခန်းလုပ်ရန် မြေနေရာလျှောက်ထားမှု ကန့်ကွက်လွှာခေါ်


ပဲ့စင်ကျွန်းအပါအဝင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေလေးခုတွင် အပန်းဖြေစခန်း ဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက်နိုင်ကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း) ထံမှ သိရသည်။ 

အင်းလေးဖောင်တော်ဦးဘုရားများ ရွှေသင်္ကန်းကပ်လှူခွင့် ရပ်ဆိုင်း


အင်းလေးဒေသရှိ ရှေးဟောင်း အမွေအနှစ်သမိုင်းဝင် ဖောင်တော်ဦး ဘုရားများ၏ မူလသွင်ပြင်ပျောက်ကွယ်နေမှုများကြောင့် ဩဝါဒဆရာတော်များ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဇန်နဝါရီလ ၁ ရက်မှစ၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ခွင့်မပြုတော့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ရန်ကုန်သို့ ခိုးဝင်သည့် ဘင်္ဂါလီ ခုနစ်ဦးကို ဖမ်းမိ

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့အတွင်းသို့ ခရီးသွားလာခွင့် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ ခိုးဝင်လာသူ ဘင်္ဂါလီအမျိုးသားခုနစ်ဦးကို ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လူမှုကွန်ရက်တွင် မဖွယ်မရာပုံပို့သူကို အရေးယူပေးရန် သတင်းမီဒီယာကောင်စီသို့ တိုင်ကြား

အမျိုးသမီး သတင်းထောက်များကို လူမှုကွန်ရက် အသုံးပြု၍ မဖွယ်မရာပုံများ ပေးပို့သူကို အရေးယူပေးရန် သတင်းမီဒီယာကောင်စီသို့ တိုင်းကြားထားကြောင်း သတင်းဌာနတစ်ခုတွင် လူမှုကွန်ရက်ဆိုင်ရာ အစီအစဉ် ထုတ်လုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီး သတင်းထောက်က ပြောကြားသည်။ 

ကျိုက်မရော အကျဉ်းထောင်ဝန်ထမ်းထံမှ စိတ်ကြွဆေးများ ဖမ်းမိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ကျိုက်မရော အကျဉ်းထောင်ထဲ၌ ဒီဇင်ဘာလ၂၆ ရက် ည ၁၁ နာရီခန့်က အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရင်ခွင်မဲ့ကလေး ပြုစုစောင့်ရှောက်ရန်ဂေဟာ နေပြည်တော်တွင် တည်ဆောက်မည်

ရင်ခွင်မဲ့ကလေးပြုစုစောင့်ရှောက်ရန်ဂေဟာကို နေပြည်တော်တွင်၂၀၁၉ခုနှစ်၊ဇန်နဝါရီလတွင် စတင်တည် ဆောက်သွားမည်ဖြစ်ကြောင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းထံမှ သိရသည်။