ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းရှိ နတ်စင်မှတ်တိုင်အနီးတွင် ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီက YBS (၁) ခရီးသည်တင်ယာဉ်တစ်စီးမှ စက်ဘီးကို ဝင်တိုက်မိသောကြောင့် စက်ဘီးနင်းသူ အမျိုးသမီးမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သူ ယာဉ်မောင်း အသက် ၃၀ နှစ် အမျိုးသားမှာ လှည်းကူးမှ သင်္ဃန်းကျွန်း ဇဝနသို့ ပြေးဆွဲနေသည့် YBS (၁) ခရီးသည်တင် ဟွန်ဒိုင်းယာဉ်ကို ဒဂုံတောင်မှ ဒဂုံအရှေ့ဘက်သို့ အမှတ် (၂) လမ်းအတိုင်း မောင်းနှင်လာစဉ် စက်ဘီးတစ်စီးကို ဝင်တိုက်မိခြင်း ဖြစ်သည်။ 
ယာဉ်ဝင်တိုက်မိသည့် စက်ဘီးမှ စက်ဘီးနင်းသူ အသက် ၃၂ နှစ် အမျိုးသမီးမှာ ကားဘီးဖြင့် ကြိတ်ခံရသောကြောင့် ဦးခေါင်းကြေမွသေဆုံးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းအမျိုးသားကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းက ယာဉ် (ပ) ၇၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice
 






 
 
 
 
 
0 comments:
Post a Comment