Sunday, December 30, 2018

သင်္ဃန်းကျွန်းတွင် ထိုင်ဝမ်နိုင်ငံသားတဦးအား ထိုးကြိတ်၍ ငွေနှင့်ဖုန်း လုယက်

သင်္ဃန်းကျွန်းမြို့နယ်မှာ ထိုင်းဝမ်နိုင်ငံသားတဦးအား ထိုးကြိတ်ပြီ ငွေနဲ့ လက်ကိုင်ဖုန်း လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ 
ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်နေ ထိုင်ဝမ်နိုင်ငံသား Mr. Wang Liang Chuan (ခ) ဦးအောင်မင်း (၅၉) နှစ်ဟာ နေအိမ်မှာ ရှိနေစဉ် ခင်မင်ရင်းနှီးသူ သန့်ဇင်ဦး (၂၆) နှစ်ပါ၂ ဦး ရောက်ရှိလာပြီး ဝိုင်းဝန်းထိုးကြိတ်ကာ ငွေကျပ် ၂၀ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဝိုင်းဝန်း ထိုးကြိတ်မှုကြောင့် ဦးအောင်မင်းမှာ ဝဲမျက်ခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျောကုန်း၊ ဝဲပေါင်ဖူးရောင် နာကျင်ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။ 

သန့်ဇင်ဦးပါ ၂ ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/ ၃၂၅/ ၁၁၄ (ခြောက်လှန့်တောင်းယူမှု၊ မိမိအလိုအလျောက် ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှု) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment