Sunday, December 30, 2018

လူမှုကွန်ရက်တွင် မဖွယ်မရာပုံပို့သူကို အရေးယူပေးရန် သတင်းမီဒီယာကောင်စီသို့ တိုင်ကြား

အမျိုးသမီး သတင်းထောက်များကို လူမှုကွန်ရက် အသုံးပြု၍ မဖွယ်မရာပုံများ ပေးပို့သူကို အရေးယူပေးရန် သတင်းမီဒီယာကောင်စီသို့ တိုင်းကြားထားကြောင်း သတင်းဌာနတစ်ခုတွင် လူမှုကွန်ရက်ဆိုင်ရာ အစီအစဉ် ထုတ်လုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီး သတင်းထောက်က ပြောကြားသည်။ 
“ကျွန်မက အသံပိုင်းနဲ့ပတ်သက်ပြီး အစီအစဉ်ထုတ်ရတာဆိုတော့ သိတဲ့သူလည်းရှိ ကိုယ့်ပရိသတ်ထဲကထင်ပြီး လက်ခံထားတာ ၂၀၁၆ ထဲကပါ။ အခု လိင်ပိုင်းဆိုင်ရာ ပုံတွေပို့တာ မိုက်ရိုင်းလွန်းတယ်”ဟု ၎င်းကဆိုသည်။ 

ထိုအပြင် Payephyo thu လူမှုကွန်ရက်အကောင့်မှ မဖွယ်မရာ ဓာတ်ပုံများကို ဒီဇင်ဘာလထဲတွင် တစ်နေ့တည်း နှစ်ကြိမ်တိတိ ပေးပို့ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

တိုင်ကြားစာကို ဒီဇင်ဘာ ၂၈ ရက်က လက်ခံရရှိခဲ့ပြီး ဇန်နဝါရီလ ၃ ရက်တွင် အငြင်းပွားမူနှင့် တိုင်ကြားစာ ညှိနှိုင်းဖြေရှင်းရေးကော်မတီ အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ကိုကျော်စွာမင်းက ဆိုသည်။ 

“တိုင်ကြားစာအတွက် အပတ်စဉ် ကြာသပတေးနေ့တိုင်း အစည်းအဝေးလုပ်တယ်။နောက်အပတ်ကို ဒီ issue တက်လာတော့ အစည်းဝေးပြီး Process အတိုင်း သွားပါမယ်”ဟု ၎င်းကဆိုသည်။ 

ထိုအပြင် Pyaephyo thu အကောင့်ဖြင့် အမျိုးသမီးသတင်းထောက် ၁၀ ဦးထက်မနည်း Messenger မှာ ပေးပို့ခဲ့ သည်ကို အချက်အလက်များ ရရှိထားကြောင်း မြန်မာအမျိုးသမီး သတင်းထောက်များအဖွဲ့ဝင် မသူဇာက ပြောသည်။ 

“လွန်ခဲ့တဲ့လပိုင်းကတည်းက သတင်းထောက် အမျိုးသမီး တစ်ယောက်ကို ပို့ခဲ့တယ်။ ဖော့ဘွတ်ပေါ်တင် လိုက်တော့ အောက်မှာ သူတို့လိုခံရသူတွေ လာကွန်မန့်ပေးတာ အများကြီး”ဟု ၎င်းကဆိုသည်။

The Voice

0 comments:

Post a Comment