Sunday, December 30, 2018

ရင်ခွင်မဲ့ကလေး ပြုစုစောင့်ရှောက်ရန်ဂေဟာ နေပြည်တော်တွင် တည်ဆောက်မည်

ရင်ခွင်မဲ့ကလေးပြုစုစောင့်ရှောက်ရန်ဂေဟာကို နေပြည်တော်တွင်၂၀၁၉ခုနှစ်၊ဇန်နဝါရီလတွင် စတင်တည် ဆောက်သွားမည်ဖြစ်ကြောင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းထံမှ သိရသည်။ 
လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာများ တည်ဆောက်မူများစွာရှိနေပြီး နေပြည်တော်တွင် ဆောက်လုပ်ထားခြင်း မရှိသေးသည့်အတွက် တည်ဆောက်ရခြင်းဖြစ်ကြောင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မြသီတာက ပြောကြားသည်။ 

“မြန်မာနိုင်ငံမှာ ရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာက နေပြည်တော်မှ မရှိသေးတဲ့အတွက် ဂေဟာကို အလှူရှင်တွေ လှူဒါန်းထားတဲ့ငွေနဲ့ဆောက်လုပ်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ကလေး ၁၀၀ စောင့်ရှောက်ထားရှိနိုင်မည့် ရင်ခွင်မဲ့ကလေးငယ်များ (၅ နှစ်အောက်အထိ) သုံးထပ်ဂေဟာကို နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှကလျာလမ်းပေါ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာပိုင်မြေ ၃ ဧကပေါ်တွင် ဆောက်လုပ်လှူဒါန်းမည်ဖြစ်သည်။ 

ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအနေနှင့် လက်ရှိတွင် ရင်ခွင်မဲ့ကလေးများဖြစ်ခြင်း လျော့ချရေး အသိပညာပေး လုပ်ငန်းစဉ်များ၊ရင်ခွင့်မဲ့ ကလေးများအား ကာကွယ်စောင့်ရှောက်သော လုပ်ငန်းစဉ်များနှင့် တစ်ကိုယ်ရေမိခင်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 

ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)မိတ်ဆက်ခြင်းနှင့် ရင်ခွင့်မဲ့ ကလေးပြုစုစောင့်ရှောက်ရန်ဂေဟာ(နေပြည်တော်) တွင် တည်ဆောက်ရေး သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ UMFCCI တွင် ဒီဇင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည်။

The Voice

0 comments:

Post a Comment