Sunday, December 30, 2018

မြန်မာ့မီးရထားခရီးစဉ်များတွင် လေအိတ်တွဲများဖြင့် ပြောင်းလဲပြေးဆွဲရန် စီစဉ်

မြန်မာ့မီးရထားခရီးစဉ်များတွင် ပြေးဆွဲလျက်ရှိသည့် လူစီးရထားတွဲများနေရာ၌ လေအိတ်ရထားတွဲများဖြင့် အစားထိုးပြောင်းလဲပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားထံမှ သိရသည်။ 
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် မြစ်ငယ်မြို့ရှိ လူစီးတွဲသစ် တည်ဆောက်ရေးစက်ရုံမှ လူစီးလေအိတ်တွဲများကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါစက်ရုံ မှထုတ်လုပ်သည့်လေအိတ်တွဲများဖြင် မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတွင် ပထမဆုံးအဖြစ် ဒီဇင်ဘာလ ၂၉ ရက်မှ စတင် ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး ဦးမောင်မောင်ပြုံးက ပြောကြားသည်။ 

ခရီးသွားများ သက်သောင့်သက်သာရှိစေရန် စီစဉ်ခြင်းဖြစ်ပြီး မြစ်ငယ်စက်ရုံတွင် လေအိတ်တွဲများ ထပ်မံတည်ဆောက်သွားမည်ဖြစ်ပြီး လူစီးတွဲများနေရာ၌ လေအိတ်တွဲများဖြင့် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

လက်ရှိတွင် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲသည့် စက်ခေါင်းအသစ်ကို နေပြည်တော် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူစီးလေအိတ်တွဲများကို မြစ်ငယ်လူစီးတွဲသစ် တည်ဆောက်ရေးစက်ရုံက ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေအိတ်တွဲသစ် ၁၁ တွဲတွင် လူဦးရေ ၆၃၄ ဦး စီးနင်းနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

The Voice

0 comments:

Post a Comment