Sunday, December 30, 2018

မင်္ဂလာဒုံမြို့နယ်တွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ နေအိမ်များ မီးလောင်ကျွမ်း


မင်္ဂလာဒုံမြို့နယ်မှာ မနေ့ညနေက ရေခဲသေတ္တာ အပူလွန်ကဲရာမှာ နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ 
ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီကျော်လောက်က မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်နေ သန့်ဇော် ရဲ့ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၃ ခန်းတွဲနေအိမ်မှ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြိး လူနေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါမီးလောင်မှုကြောင့် သန့်ဇော်အား မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရပါတယ်။

DVB

0 comments:

Post a Comment