Wednesday, February 27, 2019

သမ္မတထရမ့်၏ နယ်စပ်အရေးပေါ် ကြေညာချက်ကို ပိတ်ပင်ရန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်


အရေးပေါ်အခြေအနေ ကြေညာ ခြင်းဖြင့် နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေ ရယူမည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးစားမှုကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်အား အောက်လွှတ်တော်တွင် အမတ်များက မဲခွဲဆုံးဖြတ်လိုက်ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 

ပြည်ထောင်စုဖောင့်သုံးကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း


ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ဖို့နဲ့ အစိုးရရုံး ဌာနတွေမှာ လက်ရှိ အသုံးပြုနေတဲ့ Myanmar3 ဖောင့်အစား နိုင်ငံတကာစံနဲ့ ပိုမိုကိုက်ညီတဲ့ PyiDaungSu Font အသုံးပြုကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ 

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ တိုက်ပွဲများ ရပ်တန့်ပေးရန် တောင်းဆို


တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ ရသေ့တောင် ဆရာ/ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။ 

ဦးရွှေမန်းကော်မရှင် သက်တမ်းထပ်မတိုးရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်


သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းထပ်မတိုးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ 

ကာဒီနယ်ဂျော့ခ်ျပဲလ် ပြစ်ဒဏ်ချမှတ်ခံရမှု သြစတြေးလျဝန်ကြီးချုပ် ထိတ်လန့်


သြစတြေးလျ ကာဒီနယ် ဂျော့ခ်ျပဲလ် ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ ထိတ်လန့်မိတယ်လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောလိုက်ပါတယ်။ 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ဘူတာရုံတွင် မီးလောင်၍ လူ ၂၅ ဦးသေဆုံး


အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရိုက ပင်မဘူတာရုံတခုမှာ ဖေဖော်ဝါရီ ၂၇ ရက်က မီးလောင်ခဲ့တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။ 

ဥရောပကို ပြေးဆွဲသည့် ထိုင်းလေကြောင်းလိုင်းများ ရပ်ဆိုင်း


ပါကစ္စတန်နိုင်ငံက သူ့ရဲ့ လေပိုင်နက်ထဲမှာ လေကြောင်းပျံသန်းမှုတွေကို ပိတ်ထားလို့ ထိုင်းနိုင်ငံကနေ ဥရောပကို ပျံသန်းမယ့် ထိုင်းနိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေ လေဆိပ်မှာ သောင်တင်နေပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်၌ ဗုံးသီးတလုံးပေါက်ကွဲ၍ ဇနီးမောင်နှံသေဆုံး


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားဒေသ အထက်သင်းပုန်းတန်းရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၄ နာရီ ဝန်းကျင်လောက်က ဗုံးသီးတလုံးပေါက်ကွဲပြီး လင်မယားနှစ်ဦး သေဆုံးသွားပါတယ်။ 

မြန်မာအလုပ်သင်အလုပ်သမားများ ဂျပန်နိုင်ငံတွင် အချိန်ပိုမတရား ခိုင်းစေခံရ



ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံက အလုပ်သင် အလုပ်သမားတွေဟာ အချိန်ပိုမတရား ခိုင်းစေခံနေရတယ်လို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အလုပ်သမား သမဂ္ဂမှ FWUBC ဦးမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။ 

ကြယ်လိပ်ကောင်ရေ ၅၀၀ ကို ရွှေစက်တော်ဘေးမဲ့တောသို့လွှတ်


မြန်မာနိုင်ငံတွင်သာရှိပြီး ဌာနေဖွားမျိုးစိတ်တစ်မျိုးဖြစ်သည့် မြန်မာ့ကြယ်လိပ်ကောင်ရေ ၅၀၀ ကို မွေးမြူထိန်းသိမ်းပြီးနောက် ၎င်းတို့၏နေရင်းဒေသဖြစ်သည့် ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းသို့ စေလွှတ်ပေးခဲ့ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

သာယာဝတီတွင် ခြေဥပြင်ဆင်ရေးဆိုင်းဘုတ်ထူ


ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်၌ ပြင်ဆင်ရန်ကြိုးစားနေမှုကို ထောက်ခံကြိုဆိုကြောင်းနှင့် ခြေဥပြင်ဆင်ရေးဆိုင်းဘုတ်ထူပွဲကို သာယာဝတီမြို့၌ ဖေဖော်ဝါရီလ ၂၈ နေ့ နံနက် ၉ နာရီခန့်အချိန်က ပြုလုပ်ခဲ့သည်။ 

အင်ဒိုနီးရှားတွင် တရားမဝင် ရွှေတွင်းပြိုကျ၊သုံးဦး သေဆုံးပြီး ၆၀ ပိတ်မိ


အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းတွင် တရားမဝင်ရွှေတူးဖော်သော မိုင်းတွင်းပြိုကျမှုကြောင့် အနည်းဆုံးသုံးဦး သေဆုံးခဲ့ပြီး ပိတ်မိနေသော လူ ၆၀ ကျော်ကို ကယ်ထုတ်နိုင်ရန်အတွက် ကယ်ဆယ်ရေး လုပ်သားများက ဂေါ်ပြားများ၊ ကြိုးများ အသုံးပြုကာ ကြိုးစားနေကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 

မြန်မာ့ပထမဆုံး ကားလေလံပွဲ လုပ်မည်

ပြည်တွင်းအွန်လိုင်းကားရောင်း ဝယ်ရေးဝက်ဘ်ဆိုက် CarsDB နှင့် Toyota Group ၏ Toyota Tsusho တို့ပူးပေါင်း၍ မော်တော်ယာဉ်လေလံပွဲ ၂၀၁၉ (Auto Auction Fair 2019) ကို ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ မတ်လ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း CarsDB ထံမှ သိရသည်။ 

အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်ဘက်က ပစ်ချ၊ အိန္ဒိယလေသူရဲနှစ်ဦးကို ပါကစ္စတန် ဖမ်းထား



ကက်ရှ်မီးယားဒေသ ပဋိပက္ခဖြစ်ပွားနေစဉ် နယ်စပ်ဖြတ်ကျော် ပျံသန်းလာပြီး အစွန်းရောက်များကို ချေမှုန်းရေး လုပ်နေသော အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်ဘက်က ပြန်လည်ပစ်ချခဲ့ပြီး လေယာဉ်မှူးနှစ်ဦးကို ဖမ်းမိထားကြောင်း ပါကစ္စတန်ဘက်က ထုတ်ပြန်ထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 

မှတ်တိုင်အရေအတွက် များပြားခြင်းကြောင့် ရန်ကုန်ကားမှတ်တိုင်များတွင် CCTV တပ်ရန် အစီအစဉ်မရှိသေးဟုဆို


ရန်ကုန်မြို့တွင်း၌ ဘတ်(စ်)ကားမှတ်တိုင်များ များပြားနေသည့်အတွက် CCTV တပ်ဆင်ရန် မဖြစ်နိုင်သေးကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ 

ပွဲသိမ်းထိုးစစ်မတိုင်ခင် ဆီးရီးယားဂျီဟတ်နယ်မြေက ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးလာ


အမေရိကန်ကျောထောက်နောက်ခံတဲ့ တပ်ဖွဲ့တွေက အိုင်အက်စ်တွေကို နောက်ဆုံးပွဲသိမ်းဖို့ ထိုးစစ်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 

ပြည်နယ်အစိုးရက ရွှေလုပ်ကွက်များ တရားဝင်စခွင့်ပြု


NLD အစိုးရလက်ထက်တွင် သယံဇာတထုတ်ယူရေးလုပ်ငန်းများကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီး နောက်ပိုင်း ကချင်ပြည်နယ်အစိုးရက မြို့နယ်ခြောက်ခုရှိ ရွှေလုပ်ကွက်များကို တရားဝင်လုပ်ကိုင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 

ကျောက်မဲမြို့လယ်တွင် ကေတီဗွီဆိုင်ရှင် အငြိမ်းစားဗိုလ်ကြီး သေနတ်ပစ်သတ်ခံရ



ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ပေါ်မှာ မနေ့ညက ကေတီဗွီဆိုင်ရှင် အငြိမ်းစားဗိုလ်ကြီးတဦး သေနတ်ပစ်ခံရလို့ သေဆုံးသွားပါတယ်။ 

ရန်ကုန်-စစ်တွေကားလမ်းတွင် ရဲကား ၁ စီးအပါအဝင် ကား နှစ်စီး တိုက်ခိုက်ခံရ ၊ ၂ ဦးသေဆုံး


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင် ရဲကား ၁ စီး အပါအဝင် ကား ၂ စီး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ 

မြစ်ကြီးနားဂျာနယ်သတင်းထောက် ၂ ဦးကို သခင်စစ်ကုမ္ဗဏီက ဘယ်လို ဖမ်းဆီး နှိပ်စက်ခဲ့လဲ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားဂျာနယ်မှ သတင်းထောက် ၂ ဦးကို တစ်သျူးငှက်ပျောစိုက်ပျိုးမှု သတင်းဖော်ပြမှုဖြင့် သခင်စစ်ကုမ္ဗဏီက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဂျာနယ်တာဝန်ရှိသူများက သွားရောက် ကယ်ဆယ်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်နှိပ်စက်ခံခဲ့ရသူ သတင်းထောက် မွန်မွန်ပန်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။