Wednesday, February 27, 2019

ဦးရွှေမန်းကော်မရှင် သက်တမ်းထပ်မတိုးရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်


သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းထပ်မတိုးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ 
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကော်မရှင်သက်တမ်း တနှစ် တိုးမြင့်ဖို့ တင်သွင်းချိန်မှာ ကန့်ကွက်မှုရှိခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၅၅၅၊ ထောက်ခံမဲ ၂၀ ၊ ကြားနေမဲ ၁၀ ရှိခဲ့တဲ့အတွက် သက်တမ်းမတိုးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာပါ။

DVB

0 comments:

Post a Comment