Wednesday, February 27, 2019

သာယာဝတီတွင် ခြေဥပြင်ဆင်ရေးဆိုင်းဘုတ်ထူ


ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်၌ ပြင်ဆင်ရန်ကြိုးစားနေမှုကို ထောက်ခံကြိုဆိုကြောင်းနှင့် ခြေဥပြင်ဆင်ရေးဆိုင်းဘုတ်ထူပွဲကို သာယာဝတီမြို့၌ ဖေဖော်ဝါရီလ ၂၈ နေ့ နံနက် ၉ နာရီခန့်အချိန်က ပြုလုပ်ခဲ့သည်။ 
အဆိုပါလူထုထောက်ခံပွဲကို သုံးဆယ်မြို့နာရီစင်လမ်းရှိ မီးသတ်တပ်ဖွဲ့ရုံးရှေ့မှစတင်ခဲ့ခြင်းဖြစ်ပြီး လွတ်တော်ကိုယ်စားလှယ်များ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများ၊ အနှေးယာဉ် (ဆိုက်ကား) မောင်းသူများ၊ မြင်းတပ်များအပါအဝင် စုစုပေါင်းအင်အား ၂ဝဝဝ ခန့်ပါဝင်ကြောင်း ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းထွန်းက ပြောကြားသည်။ 

ဓာတ်ပုံ - မင်းမင်းအောင်
The Voice

0 comments:

Post a Comment