Wednesday, February 27, 2019

ပွဲသိမ်းထိုးစစ်မတိုင်ခင် ဆီးရီးယားဂျီဟတ်နယ်မြေက ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးလာ


အမေရိကန်ကျောထောက်နောက်ခံတဲ့ တပ်ဖွဲ့တွေက အိုင်အက်စ်တွေကို နောက်ဆုံးပွဲသိမ်းဖို့ ထိုးစစ်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 
ဖြစ်လာတော့မယ့် အဆုံးသတ်ထိုးစစ်မတိုင်မီမှာ ဆီးရီးယားအရှေ့ပိုင်းက အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် သိမ်းပိုက်ထားတဲ့ နောက်ဆုံးနယ်မြေမှာ ပြည်သူရာပေါင်းများစွာဟာ ထရပ်ကားတွေနဲ့ ဗုဒ္ဓဟူးနေ့မှာ နယ်မြေကို စွန့်ခွာလို့ထွက်ပြေးလာကြပြီ ဖြစ်ပါတယ်။ 

အီရတ်နယ်စပ်နားက တစ်ကီလိုမီတာဝက်သာ ရှိတော့တဲ့ အဲဒီအိုင်အက်စ်နောက်ဆုံးနယ်မြေမှာ တိုက်ခိုက်ရေးသမားတွေနဲ့ ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေ ထောင်နဲ့ချီကာ ချောင်ပိတ်လျက်ရှိနေမယ့်ပုံလည်း ရပါတယ်။ 

မိုဆူးလ်က ဗလီတစ်ခု တရားဟောစင်မြင့်ပေါ်ကနေပြီး အိုင်အက်စ်ခေါင်းဆောင် အဘူဘတ်အယ်ဘဂ္ဂဒါဒီက အစ္စလာမ္မစ်နိုင်ငံတော်သစ် တည်ထောင်ပြီဖြစ်လို့ မွတ်စလင်တွေ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားက နယ်မြေတော်တော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ 

အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်လိုက်ပြီး ငါးနှစ်တောင် မပြည့်တဲ့အချိန်မှာတော့ အိုင်အက်စ်အဖွဲ့ဟာ ခုလို နောက်ဆုံးနယ်မြေငယ်လေးမှာ ခြေကုပ်ယူ ရှိနေတော့တဲ့ အခြေအနေပါပဲ။ 

မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ ဘက်ဟို့ဇ်အရပ်ကနေ ထွက်ပြေးလာတဲ့ ပြည်သူတွေကို တင်ဆောင်လာတဲ့ ထရပ်ကားတွေက တစ်လိမ့်လိမ့် ထွက်ခွာလာပါတယ်။ ဒါဟာဆိုရင် သီတင်းတစ်ပတ်ထဲမှာ ငါးကြိမ်မြောက် ထွက်ခွာလာတဲ့ အသုတ်ပဲ ဖြစ်ပါတယ်။ 

ဒီလို စစ်ရှောင်လာကြတဲ့ ရွှေ့ပြောင်းပြည်သူတွေကို မြောက်ဖက်အရပ်က အယ်ဟိုးစခန်းဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။ 

Mizzima

0 comments:

Post a Comment