Wednesday, February 27, 2019

ဥရောပကို ပြေးဆွဲသည့် ထိုင်းလေကြောင်းလိုင်းများ ရပ်ဆိုင်း


ပါကစ္စတန်နိုင်ငံက သူ့ရဲ့ လေပိုင်နက်ထဲမှာ လေကြောင်းပျံသန်းမှုတွေကို ပိတ်ထားလို့ ထိုင်းနိုင်ငံကနေ ဥရောပကို ပျံသန်းမယ့် ထိုင်းနိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေ လေဆိပ်မှာ သောင်တင်နေပါတယ်။ 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကနေ မော်စကို၊ ပဲရစ်၊ လန်ဒန်၊ အော်စလို၊ ကိုပင်ဟေဂင်၊ ရောမ စတဲ့မြို့တွေကို ပျံသန်းမယ့် ခရီးစဉ်နဲ့ ဖူးခက်ကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်ကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်အပြင် ဇူးရစ်ကိုပျံသန်းမယ့် ဆွစ်အဲယားလိုင်း လေယာဉ်ခရီးစဉ်လည်း ဖျက်သိမ်းထားခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 

အိန္ဒိယလေတပ်က တိုက်လေယာဉ်တွေ ပါကစ္စတန်နိုင်ငံထဲ ကျူးကျော်ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပါကစ္စတန်က ခုလို လေယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်တာဖြစ်ပြီး အိန္ဒိယအစိုးရကလည်း နိုင်ငံမြောက်ပိုင်းက သူ့ရဲ့ လေကြောင်းပိုင်နက်ကို ပိတ်ထားလိုက်ပါတယ်။ 

ခုလို ပိတ်ပင်လိုက်တာကြောင့် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှဒေသရှိ နိုင်ငံတွေရဲ့ နိုင်ငံတကာလေဆိပ်တွေမှလည်း လေကြောင်းပျံသန်းမှုတွေ ထိခိုက်ခဲ့ရပါတယ်။

DVB

0 comments:

Post a Comment