Wednesday, February 27, 2019

ကာဒီနယ်ဂျော့ခ်ျပဲလ် ပြစ်ဒဏ်ချမှတ်ခံရမှု သြစတြေးလျဝန်ကြီးချုပ် ထိတ်လန့်


သြစတြေးလျ ကာဒီနယ် ဂျော့ခ်ျပဲလ် ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ ထိတ်လန့်မိတယ်လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောလိုက်ပါတယ်။ 
ကာဒီနယ်ပဲလ်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဓမ္မတေးဆိုတဲ့ ကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုနဲ့ စီရင်ချက်မချမှတ်မီ ထိန်းသိမ်းခံထားရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က “ထိတ်လန့်မိပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်က တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို ပြနေတယ်၊ လူတွေဟာ ကလေးသူငယ် လိင်ပိုင်းစော်ကားခံရသူတွေကို မြတ်နိုးဂရုစိုက်ပြီး သူတို့ကို အကောင်းဆုံး ဖြစ်စေလိုတယ်၊ အဲဒီ လိင်ပိုင်းစော်ကားခံရသူတွေနဲ့ အတူရှိနေတယ်” လို့ ပြောပါတယ်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ထိပ်တန်းအကြံပေးဟောင်း ဝါရင့် ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ် ဂျော့ခ်ျပဲလ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၅ မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ 

ကာဒီနယ် ပဲလ်ကို လာမယ့် မတ်လ ၁၃ ရက်မှာ စီရင်ချက်ချမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment