Wednesday, February 27, 2019

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ဘူတာရုံတွင် မီးလောင်၍ လူ ၂၅ ဦးသေဆုံး


အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရိုက ပင်မဘူတာရုံတခုမှာ ဖေဖော်ဝါရီ ၂၇ ရက်က မီးလောင်ခဲ့တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။ 
ရထားစက်ခေါင်းတခုက အရံအတားကို ဝင်တိုက်ကာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့လက္ခဏာ မတွေ့ဘူးလို့ အီဂျစ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

DVB

0 comments:

Post a Comment