Wednesday, February 27, 2019

အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်ဘက်က ပစ်ချ၊ အိန္ဒိယလေသူရဲနှစ်ဦးကို ပါကစ္စတန် ဖမ်းထား



ကက်ရှ်မီးယားဒေသ ပဋိပက္ခဖြစ်ပွားနေစဉ် နယ်စပ်ဖြတ်ကျော် ပျံသန်းလာပြီး အစွန်းရောက်များကို ချေမှုန်းရေး လုပ်နေသော အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်ဘက်က ပြန်လည်ပစ်ချခဲ့ပြီး လေယာဉ်မှူးနှစ်ဦးကို ဖမ်းမိထားကြောင်း ပါကစ္စတန်ဘက်က ထုတ်ပြန်ထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
လေယာဉ်တစ်စင်းသည် ပါကစ္စတန် ပိုင်နက်ဘက်သို့ ပျက်ကျလာခဲ့ပြီး လေသူရဲနှစ်ဦးကို မိထားသည်ဟု ပါကစ္စတန်ဘက်မှ ပြောခွင့်ရအရာရှိက ဆိုသည်။ 

အိန္ဒိယဘက်က မှတ်ချက်မပြုသေးပေ။ ပါကစ္စတန်ဂျက်လေယာဉ်တစ်စင်း ပြန်လည်ပစ်ချခံရသည့် သတင်းကိုမူ ပါကစ္စတန်က ငြင်းဆန်ထားသည်။ 

ကက်ရှ်မီးယားဒေသကို အိန္ဒိယနှင့် ပါကစ္စတန်တို့က ၎င်းတို့ပိုင်ဆိုင်သည်ဟု ကြေညာထားပြီး နှစ်ဘက်လုံးက အစိတ်အပိုင်းတချို့ကို ထိန်းချုပ်ထားကြသည်။ 

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားပိုင်ဆိုင်သော နိုင်ငံများဖြစ်ကြပြီး ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီး ၁၉၄၇ တွင် စတင်ကွဲသွားကြခြင်းဖြစ်သည်။ 

ထိန်းချုပ်နယ်ခြားမျဉ်း Line of Control (LoC) ကို ဖြတ်ကျော်ပြီး စစ်ပွဲဖြစ်မှုမှာ ၁၉၇၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ 

အိန္ဒိယစစ်သား ၄၀ ကျဆုံးခဲ့ရသော ကက်ရှ်မီးယား စစ်သွေးကြွတိုက်ခိုက်မှုအပြီးတွင် အိန္ဒိယဘက်က ဖိုက်တာဂျက်များဖြင့် ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်သူပုန်ထမှုကြောင့် သေဆုံးခဲ့ရသည့် အိန္ဒိယစစ်သားဦးရေသည် ဆယ်စုနှစ် ၃ ခုအတွင်း အများဆုံးဖြစ်သည်။ 

ပါကစ္စတန်ဘက်တွင် အခြေစိုက်သော စစ်သွေးကြွအုပ်စုတစ်စုက တိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ 

အိန္ဒိယလေသူရဲကို ဖမ်းမိထားကြောင်း ဗီဒီယိုကို ပါကစ္စတန်ဘက် သတင်းအချက်အလက် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


မျက်လုံးကို စီးထားကာ မျက်နှာတွင် သွေးများတွေ့ရသော လေသူရဲက အိန္ဒိယလေတပ်မှ လေယာဉ်စုမှူး အက်ဟီနန်ဒန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

The Voice 

0 comments:

Post a Comment