Wednesday, September 9, 2020

အာဖဂ္ဂန်ဒုတိယသမ္မတ Amrullah Saleh ကဘူးလ်မြို့ဗုံးခွဲတိုက်ခိုက်မှုမှ ကံကောင်းထောက်မစွာလွတ်မြောက်လာခဲ့

အာဖဂ္ဂန်ဒုတိယသမ္မတ Amrullah Saleh သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကဘူးလ်မြို့ရှိ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုမှ လွှတ်မြောက်လာခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါဗုံးတိုက်ခိုက်မှုသည် ဒုသမ္မတ Amrullah Saleh ၏ ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ယာဉ်တန်း၏ နောက်ဆုံးယာဉ်တန်းအချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း Arian News TV မှ ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် ၂ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏တာဝန်ရှိသူမှ ရှင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့ ပါသည်။
ပေါက်ကွဲမှုသည် အမှတ် (၄) ပြည်နယ်ရဲစခန်ရှိရာ Taimani ရှိ Sabiqa ရင်ပြင်တွင် နံနက် ၇ နာရီ ၃၆ မိနစ်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ကောင်းကင် တွင်ဖြစ်ပေါ်လာသောမီးခိုးလုံးကြီးမှာ ထိတ်လန့်ဖွယ်ဖြစ်ကြောင်း မျက်မြင်သက်သေ တစ်ဦးမှ ရှင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အဆိုပါပေါက်ကွဲမှုသည် လူစည်ကားသောနေရာများတွင် ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းကိုလည်း ၎င်းမှ ပြောကြားခဲ့ပါသည်။
အဆိုပါပေါက်ကွဲမှုသည် သေကြောင်းကြံစည်သည့် ကားဗုံးပေါက်ကွဲခြင်းတစ်ခု ဖြစ်သည်ဟု ယူဆရပါသည်။ စက်တင်ဘာလ ၉ ရက် ယနေ့ပေါက်ကွဲမှုသည် တာလီဘန်နှင့် ငြိမ်းချမ်းရေးကြိုးစားမှုများ ဆောင်ရွက်နေစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ သည်။
မည်သည့်အဖွဲ့ကမျှ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းမရှိပါ။
Source : XinhuaNet
“Afghan vice president escapes bomb attack in Kabul: local media”

0 comments:

Post a Comment