
ဟိမဝန္တာဒေသအနောက်ခြမ်း အိန္ဒိယ-တရုတ် အငြင်းပွားနယ်စပ်မှာ ဖြစ်နေတဲ့ အကြပ်အတည်းကို  ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ သေချာတယ်လို့ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးက စက်တင်ဘာ ၄ ရက်မှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
လာဒက်ဒေသကို သွားရောက်တဲ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး မန်နော့မူခွန်းနာရာဗန်နီက  ဘယ်လို မတူညီမှုတွေပဲ ရှိပါစေ၊ ဒီဆွေးနွေးပွဲတွေကတဆင့်  အကြပ်အတည်းကို ဖြေရှင်း နိုင်မယ်ဆိုတာ သေချာပါတယ်လို့  ဒေသမီဒီယာ မေးမြန်းချက်ကို ဖြေကြားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မျဉ်းတလျှောက် လက်ရှိ အခြေအနေဟာ အနည်းငယ်တင်းမာနေ ဆဲဖြစ်ပါတယ်။ အိန္ဒိယတပ်ဖွဲ့ဝင်တွေကို  နယ်စပ်တလျှောက် ကြိုတင်တပ်ချထားတာတွေ လုပ်ထားတယ်လို့လည်း  ဗိုလ်ချုပ်ကြီး နာရာဗန်နီက ပြောကြားပါတယ်။ 
ပြီးခဲ့တဲ့ ဇွန်လက လာဒက်ဒေသရဲ့ ဂေါ်ဝမ်တောင်ကြားမှာ  နှစ်နိုင်ငံ တပ်ဖွဲ့ဝင်တွေ ခိုက်ရန် ဖြစ်ခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးခဲ့တယ်လို့ ရိုက်တာက  ဖော်ပြပါတယ်။

crd-dvb #Myanmar_Online_News # ကြည်းတပ်ဦးစီးချုပ် #လာဒက်ဒေသ
>zawgyi<
အိန္ဒိယ-တရုတ် နယ်စပ်အရေး ဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်မည်ဟု အိန္ဒိယ ပြော
Saturday, September 5, 2020
ဟိမဝန္တာဒေသအနောက်ခြမ်း အိန္ဒိယ-တရုတ် အငြင်းပွားနယ်စပ်မှာ ဖြစ်နေတဲ့ အကြပ်အတည်းကို  ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ သေချာတယ်လို့ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးက စက်တင်ဘာ ၄ ရက်မှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
လာဒက်ဒေသကို သွားရောက်တဲ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး မန်နော့မူခွန်းနာရာဗန်နီက  ဘယ်လို မတူညီမှုတွေပဲ ရှိပါစေ၊ ဒီဆွေးနွေးပွဲတွေကတဆင့်  အကြပ်အတည်းကို ဖြေရှင်း နိုင်မယ်ဆိုတာ သေချာပါတယ်လို့  ဒေသမီဒီယာ မေးမြန်းချက်ကို ဖြေကြားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မျဉ်းတလျှောက် လက်ရှိ အခြေအနေဟာ အနည်းငယ်တင်းမာနေ ဆဲဖြစ်ပါတယ်။ အိန္ဒိယတပ်ဖွဲ့ဝင်တွေကို  နယ်စပ်တလျှောက် ကြိုတင်တပ်ချထားတာတွေ လုပ်ထားတယ်လို့လည်း  ဗိုလ်ချုပ်ကြီး နာရာဗန်နီက ပြောကြားပါတယ်။ 
ပြီးခဲ့တဲ့ ဇွန်လက လာဒက်ဒေသရဲ့ ဂေါ်ဝမ်တောင်ကြားမှာ  နှစ်နိုင်ငံ တပ်ဖွဲ့ဝင်တွေ ခိုက်ရန် ဖြစ်ခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးခဲ့တယ်လို့ ရိုက်တာက  ဖော်ပြပါတယ်။
crd-dvb #Myanmar_Online_News # ကြည်းတပ်ဦးစီးချုပ် 
#လာဒက်ဒေသ 






 
 
 
 
 
0 comments:
Post a Comment