Thursday, September 10, 2020

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တာမာနိုအိ နပန်းသင်တန်းကျောင်းမှ ဆူမိုနပမ်းသမား ၁၉ ဦး COVID-19 ကူးစက်ခံနေရ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တာမာနိုအိ နပန်းသင်တန်းကျောင်းမှ ဆူမိုနပမ်းသမား ၁၉ ဦး COVID-19 ကူးစက်ခြင်းခံထားရကြောင်း ဂျပန်ဆူမိုအသင်းကြီးမှ ယမန်နေ့(စက်တင်ဘာ ၁၀)က ကြေညာသည်။ သင်တန်းဆရာတစ်ဦးနှင့် သင်တန်းသား ၁၈ ဦးတို့ဖြစ်ကြပြီး ၁၂ ဦးကို ဆေးရုံတင်ကုသမှုပြုထားကြောင်းသိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ဆူမိုနပန်းသမားတစ်ဦး COVID-19 ကြောင့် သေဆုံးခဲ့ပြီးနောက် ၄ လခန့်အကြာတွင် ယခုကဲ့သို့ ထပ်မံကူးစက်မှုဖြစ်ပွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နပန်းသမား သင်တန်းသားတစ်ဦး နာမကျန်းဖြစ်သဖြင့် စစ်ဆေးကြည့်ရာတွင် COVID-19 ပိုးရှိနေသည်ကိုတွေ့ရှိရသဖြင့်၊ သင်တန်းကျောင်းမှ လူအားလုံးကို စစ်ဆေးရာ ကူးစက်ခံရသူများကို ယခုကဲ့သို့တွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
ဆေးရုံသို့ တင်ပို့ကုသမှုပြုထားသူ ၁၂ ဦးမှာ အပျော့စားရောဂါလက္ခဏာများပြသပြီး၊ ကျန် ၇ ဦးမှာမူ မည်သည့်ရောဂါလက္ခဏာမျှ ပြသခြင်းမရှိသော်လည်း သီးသန့်ခွဲခြားနေထိုင်ခိုင်းထားသည်။
ဂျပန်နိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်မှုများကို ဖြေလျော့ပြီးနောက်ပိုင်းတွင် ကူးစက်မှုများပြန်လည်ဖြစ်ပွားလာခဲ့သည်။
ဂျပန်နိုင်ငံတွင် ယမန်နေ့့က COVID-19 ကူးစက်ခံရသူ အတည်ပြုလူနာသစ် ၄၉၅ ဦးကို စစ်ဆေးတွေရှိခဲ့သဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၇၃၂၂၁ ဦးဖြစ်လာခဲ့သည်။ ထပ်မံသေဆုံးသူ ၁၃ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၁၄၀၆ ဦးရှိပြီဖြစ်သည်။ သက်သာပျောက်ကင်းသူစုစုပေါင်းမှာမူ ၆၄၈၃၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
တိုကျိုမြို့တွင် အခြေခံသတိပေးချက်ထုတ်ပြန်ထားပြီး၊ အားကစားပွဲများတွင် ကြည့်ရှုသူများကို ကန့်သတ် ချက်နှင့်သာ ခွင့်ပြုထားသည်။
Source - Popular

0 comments:

Post a Comment