Friday, September 4, 2020

ဂျပန်နိုင်ငံတွင် အားပြင်းတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှာမို့ ကြိုတင်ပြင်ဆင်ကြရန် မြန်မာသံရုံး သတိပေး

အင်အားကြီးမားတဲ့ တိုင်ဖုန်းမုန်တိုင်း ( Haishen ) သောကြာနေ့မှာ ဂျပန်တောင်ပိုင်းကို ချဉ်းကပ်လာနေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံ ကျူးရှုးကျွန်းကနေ ကုန်းတွင်းပိုင်းဘက်ဆီကို တနာရီကို မိုင် ၂၀၀ကျော်နှုန်းနဲ့ ဖြတ်သန်းဝင်ရောက် တိုက်ခတ် လာမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံ မိုးလေသဝအေဂျင်စီက ထုတ်ပြန်ထားတဲ့ အကြောင်း မြန်မာသံရုံးက သတိပေးပါတယ်။
အထူးသဖြင့် အိုကီနာဝါကျွန်း၊ အားမားမိကျွန်း၊ ကျူရှုးကျွန်းနဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာနေထိုင်တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီမံတွေကြိုတင်ဆောင်ရွက်ထားကြပါလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သောကြာနေ့ စက်တင်ဘာလ ၄ရက်နေ့ က စပြီး အထူးသတိပေးနိုးဆော်နေတာပါ။
ဂျပန်နိုင်ငံမှာ နှစ်စဉ် ဒီအချိန်ဆို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမဲ့ ဒီတခါ တိုက်ခတ်မယ့်မုန်တိုင်းကတော့ နှစ်ပေါင်းရ၀အတွင်း အပြင်းထန်ဆုံး လို့ဆိုရမယ့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ်က ကာကွယ်နိုင်ရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြိုတင်ပြင်ဆင်နေကြပါတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်)က ဦးသန်းဆွေက ပြောပြပါတယ်။
မကြာခင်တိုက်ခတ်လာမယ့် အင်အားကြီးတိုင်ဖုန်းမုန်တိုင်းဘေးကနေ ကာကွယ်နိုင်ရေး မုန်တိုင်းလမ်းကြောင်းမှာနေတဲ့ ဂျပန်ရောက်မြန်မာတွေအထူးသတိထား နေထိုင်ကြဖို့ ကိုလည်း ဂျပန်ရောက် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက သတိပေးပါတယ်။
ဒီလိုတိုက်ခတ်လာချိန်မှာ မုန်တိုင်းဘေး ကာကွယ်ရေးအထူးသတိပေးချက်တွေကို ဂျပန်ရောက် နိုင်ငံခြားသားတွေပါ သိရှိနိုင်အောင် မြန်မာဘာသာအပါအဝင် ဘာသာစကားမျိုးစုံနဲ့ အချိန်နဲ့ တပြေးညီကြေညာထုတ်ပြန်ပေးနေတာမို့ မုန်တိုင်းသတိပေးချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာလိုက်နာကြဖို့ကိုလည်း ဦးသန်းဆွေက တိုက်တွန်းပါတယ်။
အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ( Haishen ) ဟာ လာမယ့် စက်တင်ဘာလ ၆ရက် တနင်္ဂနွေနေ့နဲ့ စက်တင်ဘာလ ၇ရက်နေ့ တနင်္လာနေ့တွေ ဝင်ရောက် တိုက်ခတ်လာနိုင်ခြေရှိတာကြောင့် အဲ့ဒီ့ဒေသမှာနေတဲ့ ဂျပန်ရောက်မြန်မာတွေအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ သဘာဝဘေးအန္တရာယ်ညွှန်ကြားချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ကြဖို့နဲ့ တကယ်လို့ အရေးပေါ် အခက်ခဲကြုံလာရင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အရေးပေါ် ဖုန်းနံပတ် ၀၇၀ ၄၄၁၃ ၇၃၈၃ ကို ၂၄ နာရီ အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း ကြေညာထားပါတယ်။
>zawgyi<
ဂျပန်နိုင်ငံတွင် အားပြင်းတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှာမို့ ကြိုတင်ပြင်ဆင်ကြရန် မြန်မာသံရုံး သတိပေး
Saturday, September 5, 2020
အင်အားကြီးမားတဲ့ တိုင်ဖုန်းမုန်တိုင်း ( Haishen ) သောကြာနေ့မှာ ဂျပန်တောင်ပိုင်းကို ချဉ်းကပ်လာနေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံ ကျူးရှုးကျွန်းကနေ ကုန်းတွင်းပိုင်းဘက်ဆီကို တနာရီကို မိုင် ၂၀၀ကျော်နှုန်းနဲ့ ဖြတ်သန်းဝင်ရောက် တိုက်ခတ် လာမှာဖြစ်တယ် လို့ ဂျပန်နိုင်ငံ မိုးလေသဝအေဂျင်စီက ထုတ်ပြန်ထားတဲ့ အကြောင်း မြန်မာသံရုံးက သတိပေးပါတယ်။
အထူးသဖြင့် အိုကီနာဝါကျွန်း၊ အားမားမိကျွန်း၊ ကျူရှုးကျွန်း နဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာနေထိုင်တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီမံတွေကြိုတင်ဆောင်ရွက်ထားကြပါလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သောကြာနေ့ စက်တင်ဘာလ ၄ရက်နေ့ က စပြီး အထူးသတိပေးနိုးဆော်နေတာပါ။
ဂျပန်နိုင်ငံမှာ နှစ်စဉ် ဒီအချိန်ဆို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမဲ့ ဒီတခါ တိုက်ခတ်မယ့်မုန်တိုင်းကတော့ နှစ်ပေါင်းရဝအတွင်း အပြင်းထန်ဆုံး လို့ဆိုရမယ့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ်က ကာကွယ်နိုင်ရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြိုတင်ပြင်ဆင်နေကြပါတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်)က ဦးသန်းဆွေက ပြောပြပါတယ်။
မကြာခင်တိုက်ခတ်လာမယ့် အင်အားကြီးတိုင်ဖုန်းမုန်တိုင်းဘေးကနေ ကာကွယ်နိုင်ရေး မုန်တိုင်းလမ်းကြောင်းမှာနေတဲ့ ဂျပန်ရောက်မြန်မာတွေအထူးသတိထား နေထိုင်ကြဖို့ ကိုလည်း ဂျပန်ရောက် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက သတိပေးပါတယ်။
ဒီလိုတိုက်ခတ်လာချိန်မှာ မုန်တိုင်းဘေး ကာကွယ်ရေးအထူးသတိပေးချက်တွေကို ဂျပန်ရောက် နိုင်ငံခြားသားတွေပါ သိရှိနိုင်အောင် မြန်မာဘာသာအပါအဝင် ဘာသာစကားမျိုးစုံနဲ့ အချိန်နဲ့ တပြေးညီကြေညာထုတ်ပြန်ပေးနေတာမို့ မုန်တိုင်းသတိပေးချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာလိုက်နာကြဖို့ကိုလည်း ဦးသန်းဆွေက တိုက်တွန်းပါတယ်။
အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ( Haishen ) ဟာ လာမယ့် စက်တင်ဘာလ ၆ရက် တနင်္ဂနွေနေ့နဲ့ စက်တင်ဘာလ ၇ရက်နေ့ တနင်္လာနေ့တွေ ဝင်ရောက် တိုက်ခတ်လာနိုင်ခြေရှိတာကြောင့် အဲ့ဒီ့ဒေသမှာနေတဲ့ ဂျပန်ရောက်မြန်မာတွေအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ သဘာဝဘေးအန္တရာယ်ညွှန်ကြားချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ကြဖို့နဲ့ တကယ်လို့ အရေးပေါ် အခက်ခဲကြုံလာရင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အရေးပေါ် ဖုန်းနံပတ် ၀၇၀ ၄၄၁၃ ၇၃၈၃ ကို ၂၄ နာရီ အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း ကြေညာထားပါတယ်။

0 comments:

Post a Comment