Wednesday, September 9, 2020

COVID-19ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း များပြားလာမှုကြောင့် အင်္ဂလန်တွင် လူစုလူဝေးပြုလုပ်ခွင့်အား (၆)ဦးအထိ လျော့ချ ကန့်သတ်

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေတဲ့အတွက် လူစုလူဝေး ပြုလုပ်မှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်သွားမှာဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်တွေ စုဝေးမှုကို အလေးထားပြီး တားမြစ်မယ်လို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
လာမယ့် တနင်္လာနေ့ (စက်တင်ဘာ ၁၄ ရက်) ကစပြီး လက်ရှိ စုဝေးခွင့်ပြုထားတဲ့ ဦးရေ ၃၀ ကနေ ၆ ဦးအထိ လျှော့ချသွားမှာ ဖြစ်ပေမယ့် တချို့ကိစ္စတွေကိုတော့ ချွင်းချက်ထားရှိ သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
သတ်မှတ်ထားတဲ့ လူစုဝေးခွင့်ကို မိသားစုဝင်များတဲ့ မိသားစုတွေ စုဝေးခြင်း လက်ထပ်မင်္ဂလာ အခမ်းအနား၊ အသုဘ အခမ်းအနား၊ အားကစားအဖွဲ့၊ လုပ်ငန်းခွင်များနဲ့ ပညာရေးဆိုင်ရာ စုဝေးခြင်းတွေကိုတော့ ချွင်းချက်ထားပေးမှာ ဖြစ်ပေမယ့် ကျန်သော လူစုလူဝေးများတွင် လူ ၆ ဦးထပ်ပိုပြီး စုဝေးခွင့် မရှိကြောင်းကို ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ကျင်းပမယ့် သတင်းစာ ရှင်းလင်းပွဲမှာ အသေးစိတ် ရှင်းလင်းသွားမယ်လို့ ပြောကြားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ရင် ဒဏ်ငွေ ၁၀၀ ကစပြီး သတ်မှတ်ထားပြီး ထပ်မံချိုးဖောက်ရင် ဆတိုးကာ ဒဏ်ငွေ ၃,၂၀၀ အထိ ပေးဆောင်သွားရမယ်လို့ သိရပါတယ်။

0 comments:

Post a Comment