Thursday, September 10, 2020

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၂,၁၅၀) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉ .၁ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၂၈.၃ သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၉၁၃,၂၀၉) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂၈,၃၁၅,၀၁၀) ဦး ရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင်(၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၉-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ညနေ (၂,၁၅၀)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၆၂၅)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၁၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment