Monday, June 3, 2019

ဒီရေတော အခြေပြုခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် လမ်းဖောက်ပေးရန် ကညင်ချောင်းဒေသခံများ တောင်းဆို


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာရှိ အစုအဖွဲ့ပိုင် သစ်တောဒေသ အခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက လမ်းဖောက်ပေးစေလိုကြောင်း အစုအဖွဲ့ပိုင် သစ်တောအသုံး ပြုသူများအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဇော်က ပြောကြားသည်။ 

တာချီလိတ်မြို့လယ်က ရွှေဆိုင်ကို သေနတ်သမားတွေ ဓားပြတိုက်


တာချီလိတတ်မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ယနေ့ မွန်းလွဲပိုင်းက မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 

မသမာသည့် အေဂျင်စီအချို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးနေကြရ


လက်နက်ကိုင်ပဋိပက္ခများ နှစ်ရှည်ကြာအောင် ဖြစ်ပွားခဲ့လို့၊ ဒေသတည်ငြိမ်မှု မရှိလို့ ၊အလုပ်အကိုင်အခွင့်အလှမ်းနည်းပါးလို့၊ဒေသတွင်း စီးပွားရေး ဖွံဖြိုးမှု အားနည်းလို့ စတာတွေကြောင့် ပြည်ပထွက် အလုပ်လုပ်သူတွေ တစ်စထက် တစ်စ များပြားလာခဲ့တာကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်နေတဲ့ မသမာတဲ့ အေဂျင်စီအချို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နစ်နာ ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကျော်ထွေးက လွှတ်တော်မှာ ပြောပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် စုဖွဲ့မှုအသစ် ပြုလုပ်ရန် သင့်၊ မသင့် အပစ်ရပ် ၁၀ ဖွဲ့ တွေ့ဆုံညှိနှိုင်းမည်


တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် NCA မထိုး ရသေးသည့် အဖွဲ့များပါဝင်နိုင် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ တိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့ စည်းရန် သင့်၊မသင့် လာမည့် ရက်ပိုင်းအတွင်း ဆွေးနွေးညှိနှိုင်း မည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အချို့က ပြောသည်။ 

ဖမ်းဆီးမိသည့် ခိုးဝင်နှင့် နယ်ကျော်ဘင်္ဂလီများအား ပြစ်ဒဏ်စေ့ပြီးနောက် ၎င်းတို့၏ မူလနေရာများသို့ ပြန်ပို့



ခိုးဝင်ဘင်္ဂလီများကိုဖမ်းမိပြီး အရေးယူပြီးတဲ့နောက် ဘာတွေဆက်လုပ်ပါသလဲလို့ ယခင် သမ္မတရုံးဝန်ကြီးဟောင်း ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ယနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ 

ပါကစ္စတန်နိုင်ငံတွင် HIV ကူးစက်ရောဂါကူးစက်မှု မြင့်တက်နေ


ပါကစ္စတန်နိုင်ငံ Ratodero မြို့မှာ HIV ကူးစက်ရောဂါကူးစက်မှုဟာ စိုးရိမ်ဖွယ်ရာမြင့်တက်နေပါတယ်။ Ratodero မြို့မှာလွန်ခဲ့တဲ့လအနည်းငယ်လောက်က လူ(၇၀၀)နီးပါး AIDS ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ ရောဂါပိုးကူးစက်ခံရသူအများစုဟာ ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။ သွေးသွင်းရာမှာ သုံးပြီးသား ဆေးထိုးပိုက်ကိုပြန်သုံးရာကနေတစ်ဆင့် HIV ကူးစက်ခဲ့တာလားဆိုတာကို အာဏာပိုင်တွေကသံသယရှိနေ ကြပါတယ်။ 

သမ္မတထရမ့်နှင့်ဇနီး ဗြိတိန်သို့ရောက်ရှိ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လင်နီယာထရမ့်တို့သည် ဗြိတိန်၌ သုံးရက်ကြာလည်ပတ်ရန် ဇွန် ၃ ရက်က လန်ဒန်ရှိ စတန်စ်တက်ဒ်လေဆိပ်သို့ အဲဖို့စ်ဝမ်းလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လေယာဉ်မဆင်းသက်မီပင် လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်းကို ထရမ့်က ရှုတ်ချပြောဆိုခဲ့သည်။ 

"မြို့ကြီးမှ လမ်းများ အရမ်းကောင်းလာ" ဟု မန်းဝန်ကြီးချုပ်ဆို



မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် လမ်းတွေ အရမ်းကောင်းလာကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မန္တလေးစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးဆိပ်ကမ်းစီမံကိန်း မှ PilotProject ဖြင့် လုပ်ဆောင်ခဲ့သည့် ဂါလန် (၂) သန်းဆံ့ ဓာတ်ဆီသိုလှောင်ကန် ဖွင့်ပွဲတွင် ပြောကြားခဲ့သည် ။ 

ပင်စင်စားများအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဖြင့် ထောက်ပံ့ပေးရန် စီစဉ်နေ


အငြိမ်းစားဝန်ထမ်းတွေအတွက် ပင်စင်ကို လက်ရှိပေးနေတဲ့ပုံစံကနေ အစိုးရနဲ့ ဝန်ထမ်းတွေ ထည့်ဝင်စုဆောင်းထားတဲ့ ရန်ပုံငွေကနေပေးအပ်တဲ့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (CPF)  စနစ်ကို ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ပင်စင်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ 

ချမ်းမြသာစည် အထက အမှတ် (၃၀) တွင် ကျောပိုးအိတ်ဖြင့် ကျောင်းမတက်ရန် တားမြစ်


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက အမှတ် (၃၀) မှာ ဇွန် ၃ ရက်နေ့ ကျောင်းဖွင့်ရက် ပထမရက်ကစပြီး အခြေခံ မူလတန်းကနေ အထက်တန်းအထိ ကျောင်းတက်လာချိန်မှာ ကျောပိုးအိတ်နဲ့ ကျောင်းတက်ခွင့် မပြုကြောင်း တားမြစ်ထားပါတယ်။ 

ကင်ဂျုံအန်းနှင့် ကင်မ်ယောင်ချူးလ်တို့ အနုပညာဖျော်ဖြေပွဲ တက်ရောက်သည့် ဓာတ်ပုံများ ဖြန့်ချိ


မြောက်ကိုရီးယားရဲ့ အကြီးတန်းအရာရှိနဲ့ နျူကလီးယားအရေး ထိပ်တန်းသံတမန်ဟောင်း ကင်မ်ယောင်ချူးလ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့အတူ အနုပညာဖျော်ဖြေပွဲမှာ တွေ့ရတဲ့ ဓာတ်ပုံတွေကို အစိုးရမီဒီယာ ကေစီအန်အေက ဇွန် ၃ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ 

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ယူကေအခြေစိုက် ပြည်ပလူမှုအဖွဲ့အစည်းများမှတစ်ဆင့်၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်အတွင်း ပေါင်စတာလင် ၉၇ သန်း ထောက်ပံ့

ယူကေက မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ယူကေအခြေစိုက် ပြည်ပလူမှုအဖွဲ့အစည်းများမှ တစ်ဆင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ငါးနှစ်အတွင်း ပေါင်စတာလင် ၉၇ သန်း ဆက်လက်ထောက်ပံ့ထားကြောင်း သိရသည်။ 

ကရင်နီလူငယ် ခူးကြူးဖဲကေးကို ဖမ်းဆီးပြီး လွိုင်ကော်ထောင်ပို့


၂၀၁၇ ခု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ တရားစွဲဆိုခံထားရပြီး အမှုအလိုရှိနေတဲ့ ကရင်နီလူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခေါ်) ဂူးဂူးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိပြီး ချုပ်ရမန်ယူကာ လွိုင်ကော်ထောင်ကို ပို့ဆောင်လိုက်ပါတယ်။ 

အိန္ဒိယ နာဒါဒေဗီတောင်တွင် ပျောက်ဆုံးနေသည့် တောင်တက်သမား ၈ ဦးကို ရှာဖွေ


အိန္ဒိယနိုင်ငံ နာဒါဒေဗီတောင်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ရှစ်ယောက်ကို ဇွန် ၂ ရက်က အိန္ဒိယလေတပ် ရဟတ်ယာဉ် နှစ်စီး၊ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့နဲ့ ရှာဖွေနေပေမယ့် မတွေ့သေးတာကြောင့် အသက်ရှင်လျက်တွေ့ဖို့ မလွယ်ဘူးလို့ အစိုးရတာဝန်ရှိသူနှစ်ယောက်က ပြောပါတယ်။ 

လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်လှေမှောက်၊ (၂)ဦးထက်မနည်း သေဆုံး


လစ်ဗျားအနောက်ပိုင်းကမ်းလွန်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့လှေတိမ်းမှောက်ခဲ့တာကြောင့် လူ(၂)ဦးသေဆုံးပြီး၊ (၂၅)ဦးပျောက်ဆုံးနေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က အခုလ(၂)ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 

အင်ဒိုနီးရှား နိုင်ငံ အနောက်ပိုင်း၌ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန် ထားခြင်း မရှိ


အင်ဒိုနီးရှား နိုင်ငံ အနောက်မြောက်ပိုင်း ဆူမတြား ပြည်နယ်၌ ယနေ့ ဇွန် ၃ ရက်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ လှုတ်ခတ်နိုင်သည့် အလားအလာ မရှိကြောင်း မိုးလေ၀သ နှင့် ဘူမိရူပ အေဂျင်စီက ပြောကြားခဲ့သည်။ 
မြေငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်တွင် Nias Selatan ၏ အနောက်တောင်ဘက် ၃၀ ကီလိုမီတာကို ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ၁၉ ကီလိုမီတာတွင် လှုပ်ခတ်သွားခဲ့ကြောင်း အေဂျင်စီမှ တာဝန်ခံ အရာရှိ တစ်ဦး ဖြစ်သူ Slamet Wijaya က ပြောကြားခဲ့သည်။ 

AA အဖွဲ့က သံဃာ ၁ ပါးနှင့် အမျိုးသမီး ၁ ဦး အား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် ၂၈ သိန်းယူဆောင်သွား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် AA သောင်းကျန်းသူအဖွဲ့ မှ သံဃာ ၁ ပါးနှင့် အမျိုးသမီး ၁ ဦး အား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် ၂၈ သိန်းယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ကယားအစိုးရ အမှုဖွင့်ထားသူ ကရင်နီ လူငယ်တစ်ဦးကို ရဲက ဖမ်းဆီး


ကယားပြည်နယ်အစိုးရက အမှုဖွင့်ထားသူ ကရင်နီလူငယ် ၆ ဦးအနက်မှ ကိုခူးကြူးဖဲကေး (ခ) ဂူးဂူးကို ဇွန်လ ၂ရက်နေ့ ညနေပိုင်းတွင် ကယားပြည်နယ် ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့ကြားတွင် ဖမ်းဆီးခံခဲ့ရကြောင်း ကရင်နီလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ကိုခွန်းဘားနဒ်ဘုတ်ကဆိုသည်။ 

မယား(၅)ယောက်ရှိသည့် ထိုင်းအငြိမ်းစားရဲဝန်ထမ်းတစ်ဦး၊ အသတ်ခံရ


မယား(၅)ယောက်ယူထားတဲ့ ထိုင်းအငြိမ်းစားရဲဝန်ထမ်းတစ်ဦးဟာ၊ မယားတစ်ယောက်နဲ့ မူအန် ခရိုင်မှာ ဌားထားတဲ့ အခန်းတစ်ခုမှာ နေ နေတုန်း ပြီးခဲ့တဲ့ သောကြာနေ့ညက အသတ်ခံခဲ့ရတယ်လို့ ဇွန်လ(၃)ရက်နေ့ ANN သတင်းမှာဖော်ပြထားပြီး လူအများ စိတ်ဝင်စားလျက် ရှိပါတယ်။ 

ခိုးဝင်ဘင်္ဂါလီများအား ပြစ်ဒဏ်ပေးပြီးမှ ပြည်နှင်ဒဏ်ပေး


မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ရောက်လာသည့် ဘင်္ဂလီများအား တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ပြီး ပြစ်ဒဏ်ကျခံစေပြီးမှ သာ ပြည်နှင်ဒဏ်ပေးလျှက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။