Monday, June 3, 2019

ဖမ်းဆီးမိသည့် ခိုးဝင်နှင့် နယ်ကျော်ဘင်္ဂလီများအား ပြစ်ဒဏ်စေ့ပြီးနောက် ၎င်းတို့၏ မူလနေရာများသို့ ပြန်ပို့



ခိုးဝင်ဘင်္ဂလီများကိုဖမ်းမိပြီး အရေးယူပြီးတဲ့နောက် ဘာတွေဆက်လုပ်ပါသလဲလို့ ယခင် သမ္မတရုံးဝန်ကြီးဟောင်း ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ယနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ 

သူက နိုင်ငံထဲကို ဘင်္ဂလီတွေက လှေ၊ ကား စတဲ့ နည်းမျိုးစုံနဲ့ ၀င်လာနေတာကို တွေ့နေရတဲ့ အကြောင်း၊ ဖမ်းဆီး အရေးယူတာတွေလုပ်နေတဲ့ အပေါ် ချီးကျူးလေးစား တဲ့ အကြောင်း၊ သူသိချင်တာက ဖမ်းပြီး ပြစ်ဒဏ် စေ့တဲ့ အခါ ဘာဆက်လုပ်သလဲ ဆိုတဲ့အကြောင်း စတာတွေကို မေးမြန်းခဲ့တာပါ။ 
အလုပ်သမားနဲ့လ၀က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖမ်းဆီးရမိတဲ့ ဘင်္ဂလီတွေ ဟာ ၂ ပိုင်းရှိတယ်လို့ လွှတ်တော်ကို ဖြေပါတယ်။ 
တစ်ခုက ဘင်္ဂလားဒေ့ရှိကနေ ၀င်လာတာလို့ ပြောပြီး၊ နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာနေတဲ့ ဘင်္ဂလီတွေက စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ပြီး ခရီးသွားလက်မှတ်မပါဘဲ နယ်ကျော်ဝင်လာတာတွေ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ 
ခိုးဝင်ဘင်္ဂလီတေါကို ဖမ်းမိပြီးနောက် ပြစ်ဒဏ်ချမှတ်ကာ ပြစ်ဒဏ်စေ့တာနဲ့ ခိုးဝင်ဘင်္ဂလီဟာ ဘင်္ဂလားဒေ့ရှ်ကဆိုရင် ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံး၊ စစ်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ချုပ်ရုံးတို့ထံ အချက်အလက်တွေ ပေးပို့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နယ်စပ်ကနေတဆင့် သို့တည်းမဟုတ် လေယာဉ် စတာတွေနဲ့ ပြန်ပို့တယ်လို့ ပြောပါတယ်။ 
ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီဆိုရင်တော့ ပြစ်ဒဏ်စေ့တဲ့အခါ နိုင်ငံသားဖြစ်မှု စီစစ်ရေးကဒ်တွေ ထုတ်ပေးပြီး မူလနေထိုင်ရာ နေရာကို ပြန်ပို့တယ်လို့ ပြောပါတယ်။ 
ဇွဲခန့် 
Isee Media 


0 comments:

Post a Comment