Monday, June 3, 2019

ပါကစ္စတန်နိုင်ငံတွင် HIV ကူးစက်ရောဂါကူးစက်မှု မြင့်တက်နေ


ပါကစ္စတန်နိုင်ငံ Ratodero မြို့မှာ HIV ကူးစက်ရောဂါကူးစက်မှုဟာ စိုးရိမ်ဖွယ်ရာမြင့်တက်နေပါတယ်။ Ratodero မြို့မှာလွန်ခဲ့တဲ့လအနည်းငယ်လောက်က လူ(၇၀၀)နီးပါး AIDS ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ ရောဂါပိုးကူးစက်ခံရသူအများစုဟာ ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။ သွေးသွင်းရာမှာ သုံးပြီးသား ဆေးထိုးပိုက်ကိုပြန်သုံးရာကနေတစ်ဆင့် HIV ကူးစက်ခဲ့တာလားဆိုတာကို အာဏာပိုင်တွေကသံသယရှိနေ ကြပါတယ်။ 
Ratodero မြို့မှာရှိတဲ့လူဦးရေရဲ့(၆၀)ရာခိုင်နှုန်းလောက်ဟာ HIV ကူးစက်ခံခဲ့ရတယ်လို့ ဆရာဝန်တွေ ဦးဆောင်တဲ့ AIDS ထိန်းချုပ်ရေးအစီအစဉ်ကပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးအာဏာပိုင်တွေကလည်း ဧပြီလ(၂၅)ရက်ကတည်းက HIV ကူးစက်ခံရသူ(၆၈၁)ဦးရှိပြီး အဲဒီထဲက(၅၃၇)ဦးဟာ ကလေးတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆရာဝန်တွေကို မတော်တဆလူသတ်မှုနဲ့ စွဲချက်တင်ကာ ပြီးခဲ့တဲ့လက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲကပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 


ဘာသာပြန် - သဲဆုအောင်
One News Myanmar 




0 comments:

Post a Comment