Monday, June 3, 2019

တာချီလိတ်မြို့လယ်က ရွှေဆိုင်ကို သေနတ်သမားတွေ ဓားပြတိုက်


တာချီလိတတ်မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ယနေ့ မွန်းလွဲပိုင်းက မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်(၂) တွင် ဖြစ်သည်။ 
ယင်းရွှေဆိုင်သည် တာချီလိတ်မြို့တွင် ပြီးခဲ့သည့် လပိုင်းက ဓားပြတိုက်ခံရသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင်၏ ဆိုင်ခွဲ တစ်ဆိုင်ဖြစ်သည်။ 
ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် မျက်နှာဖုံးစွပ် ဓါးပြနှစ်ဦးက ရွှေဆွဲနှင့် ရွှေဟန်းချိန်း စုစုပေါင်း ၈၀ကျပ်သားခန့် ယူဆောင်သွားကြောင်း တာချီလိတ်မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
မတ်လ ၂၉ ရက်ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို လူခြောက်ဦးက ကားတစ်စီးဖြင့် လာရောက် ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်း များအပါအဝင် ကျပ်သိန်းသုံး ထောင်ခန့် ယူဆောင်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓားပြတိုက်မှုတွင် ပါဝင်သူ ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ 

ဓားပြတိုက်ခံရသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင်(၂) 
ဓါတ်ပုံ - ဇင်လတ် (ရွှေတြိဂံ)
7Day News Journal 

0 comments:

Post a Comment