Monday, June 3, 2019

"မြို့ကြီးမှ လမ်းများ အရမ်းကောင်းလာ" ဟု မန်းဝန်ကြီးချုပ်ဆို



မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် လမ်းတွေ အရမ်းကောင်းလာကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မန္တလေးစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးဆိပ်ကမ်းစီမံကိန်း မှ PilotProject ဖြင့် လုပ်ဆောင်ခဲ့သည့် ဂါလန် (၂) သန်းဆံ့ ဓာတ်ဆီသိုလှောင်ကန် ဖွင့်ပွဲတွင် ပြောကြားခဲ့သည် ။ 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင် ဒုဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူရသည့်အတွက် မြန်မာနိုင်ငံရှိ မြို့ကြီးများသို့ ပါတီကိစ္စလှည့်လည်ဆောင်ရွက်ရသည်။ 
"ကျွန်တော် တော်တော်များများ ပါတီကိစ္စနဲ့ တစ်နိုင်ငံလုံးကို လှည့်ရပါတယ် ။ လှည့်ရတဲ့အချိန်မှာ မြို့ကြီးတွေမှာ လမ်းတွေတအားနင်းကောင်းလာပါတယ်။ ဒါလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းပန်းဆက်သွယ်ရေးကိုကောင်း မွန်အောင်လုပ်ပါလို့ မှာကြားချက်ရှိပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။ 
လမ်းကောင်းရန် လုပ်ဆောင်ခြင်းကို မြို့ကြီးများတွင်သာမက ခရိုင်ချင်းဆက် လမ်းများ၊ မြို့နယ်ချင်းဆက်လမ်းများ ကျေးရွာချင်းဆက် လမ်းများ စသည်တို့ကိုလည်း တက်နိုင်သမျှကောင်းမွန်အောင် ဆောင်ရွက်နေကြောင်း သိရသည်။ 
လမ်းများကောင်းလာသည့်အတွက် စီးပွားရေးတိုးတက်မှု များရှိလာပြီး လူနေမှုအဆင့်အတန်းမြင့်မား လာမှုများရှိကြောင်း သိရသည် ။ 
ထို့အပြင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦတွေရှိရမည်ဖြစ်ပြီး အဆိုပါ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဆက်လက် ပြောသည် ။ 

The Fifth Wave News 


0 comments:

Post a Comment