Monday, June 3, 2019

ခိုးဝင်ဘင်္ဂါလီများအား ပြစ်ဒဏ်ပေးပြီးမှ ပြည်နှင်ဒဏ်ပေး


မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ရောက်လာသည့် ဘင်္ဂလီများအား တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ပြီး ပြစ်ဒဏ်ကျခံစေပြီးမှ သာ ပြည်နှင်ဒဏ်ပေးလျှက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။ 
“တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို တည်ဆဲဥပဒေနဲ့ အညီ တရားစွဲအရေးယူပြီးတော့ မှ ပြစ်ဒဏ်ကျခံပြီးတဲ့ အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပြည်နှင်လျက်ရှိပါတယ်”ဟု ဦးသိန်းဆွေကပြောသည်။ 

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် ၉ မှ ကိုယ်စားလှယ် ဦးစိုးသိန်းက မြန်မာနိုင်ငံအတွင်းခိုးသွင်းခိုးဝင်ပြုလုပ်နေသည့် ဘင်္ဂလီလူမျိုးများကို တည်ဆဲဥပဒေအရ အရေးယူပြီးနောက် နေရပ်ပြန်ပို့ခြင်းအစီအစဉ်အား သိရှိလိုခြင်းမေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ထို့ပြင် ဖမ်းဆီးအရေးယူထားသည့် တရားခံများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်မဟုတ် စီိစစ်ကာ ဟုတ်မှန်သည် ဆိုပါက သံရုံး၊ကောင်စစ်ဝန်ရုံးများနှင့် ချိတ်ဆက်၍ လေကြောင်း ဖြင့် ၎င်း နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးကြောင်း ဦးသိန်းဆွေကပြောသည်။ 
“တချို့ အခြေအနေမှာလည်း နယ်စပ်ဒေသမှ တဆင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားအစည်းအဝေးများတွင် ဆွေးနွေးပြီးတော့မှ စနစ်တကျ ပြန်လည်ပြီးတော့မှ စေလွတ်လျက်ရှိပါတယ်”ဟု ၎င်းကပြောသည်။ 
ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် ဘင်္ဂလီများကို သတ်မှတ်အထောက်အထားများ၊ စာရွက်စာတမ်းများမပါရှိပဲ ခရီးသွားကန့်သတ်ချက်များကျော်လွန်ဝင်ရောက်လာပါက ဖမ်းဆီးမှုများပြုလုပ်လျက် တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ထို့ပြင် ၎င်း တို့အား ပို့ဆောင်သည့် ပွဲစားများကိုလည်း ဖော်ထုတ် ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
The Fifth Wave News 



0 comments:

Post a Comment