Monday, June 3, 2019

အိန္ဒိယ နာဒါဒေဗီတောင်တွင် ပျောက်ဆုံးနေသည့် တောင်တက်သမား ၈ ဦးကို ရှာဖွေ


အိန္ဒိယနိုင်ငံ နာဒါဒေဗီတောင်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ရှစ်ယောက်ကို ဇွန် ၂ ရက်က အိန္ဒိယလေတပ် ရဟတ်ယာဉ် နှစ်စီး၊ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့နဲ့ ရှာဖွေနေပေမယ့် မတွေ့သေးတာကြောင့် အသက်ရှင်လျက်တွေ့ဖို့ မလွယ်ဘူးလို့ အစိုးရတာဝန်ရှိသူနှစ်ယောက်က ပြောပါတယ်။ 
ပျောက်ဆုံးနေတဲ့ တောင်တက်သမား ရှစ်ယောက်ဟာ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံသားတွေပါ။ 

သူတို့ဟာ ဇွန်လ ၁ ရက်နေ့ကစပြီး အခြေစိုက်စခန်းကို ပြန်ရောက်မလာခဲ့ကြပါဘူး။ အခြေစိုက်စခန်းကို အစောပိုင်းကတည်းက ပြန်ရောက်နေတဲ့ အဖွဲ့တူ တခြား တောင်တက်သမားတွေက သူတို့ ပျောက်ဆုံးနေတယ် ဆိုတာကို မေလ ၃၁ ရက် နှောင်းပိုင်းမှာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ကြပါတယ်။ 

အဲဒီတောင်တက်သမားအဖွဲ့ဟာ နာဒါဒေဗီတောင်ထိပ်ကို တက်ဖို့ အခုလို တောင်တက်ခရီး နှင်ခဲ့ကြတာလို့ ဗြိတိန်ခရီးသွားကုမ္ပဏီ Moran Mountain က မေလ ၁၂ ရက်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ 

ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သဘာဝဘေး တုံ့ပြန်ရေး ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးအရာရှိတွေ ဦးဆောင်ပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေကို ရှာနေကြတယ်လို့ ဥတာရာခန်းပြည်နယ် သဘာဝဘေး တုံ့ပြန်ရေးတပ်ဖွဲ့ (SDRF) အရာရှိတယောက်က ပြောပါတယ်။

DVB

0 comments:

Post a Comment