Monday, June 3, 2019

လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်လှေမှောက်၊ (၂)ဦးထက်မနည်း သေဆုံး


လစ်ဗျားအနောက်ပိုင်းကမ်းလွန်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့လှေတိမ်းမှောက်ခဲ့တာကြောင့် လူ(၂)ဦးသေဆုံးပြီး၊ (၂၅)ဦးပျောက်ဆုံးနေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က အခုလ(၂)ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 
ထရီပိုလီမြို့အရှေ့ပိုင်းက Qarabulli မြို့လေးနဲ့(၁၄)မိုင်အကွာမှာ ကမ်းခြေစောင့်တပ်ဖွဲ့ကင်းလှည့်သင်္ဘောက ရွှေ့ပြောင်းဒုက္ခသည်အမျိုးသား(၄၀)ဦး၊အမျိုးသမီး(၂၅)ဦးနဲ့ ကလေး(၈)ဦးစုစုပေါင်း(၇၃)ဦးကို ကယ်ဆယ်နိုင်ခဲ့ပါ တယ်။ သူတို့တွေဟာ ဆူဒန်၊ကင်ညာ၊အိုင်ဗရီကို့စ်နဲ့နိုင်ဂျီးရီးယားတို့ကဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသမီးအလောင်းတစ်လောင်းနဲ့ကလေးအလောင်းတစ်လောင်းကိုလည်း ဆယ်ယူရရှိထားပါတယ်။ 

အစောပိုင်းကပျောက်ဆုံးသူစာရင်းဟာ(၈)ဦးပဲရှိပေမယ့် နောက်ပိုင်းကျမှ ပျောက်ဆုံးသူဦးရေထပ်တိုးလာတာပါ။ လစ်ဗျားနိုင်ငံအနောက်ပိုင်းဟာ(၂၀၁၁)ခုနှစ်က လစ်ဗျားခေါင်းဆောင် ကဒါဖီ ရာထူးကနေ ဖြုတ်ချခံရပြီးကတည်းက ရွှေ့ပြောင်းဒုက္ခသည်တွေကို အဓိက မှောင်ခိုတင်ပို့ရာ နေရာဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 



ဘာသာပြန် - Chit Chan Myae
One News Myanmar 

0 comments:

Post a Comment