Monday, June 3, 2019

မယား(၅)ယောက်ရှိသည့် ထိုင်းအငြိမ်းစားရဲဝန်ထမ်းတစ်ဦး၊ အသတ်ခံရ


မယား(၅)ယောက်ယူထားတဲ့ ထိုင်းအငြိမ်းစားရဲဝန်ထမ်းတစ်ဦးဟာ၊ မယားတစ်ယောက်နဲ့ မူအန် ခရိုင်မှာ ဌားထားတဲ့ အခန်းတစ်ခုမှာ နေ နေတုန်း ပြီးခဲ့တဲ့ သောကြာနေ့ညက အသတ်ခံခဲ့ရတယ်လို့ ဇွန်လ(၃)ရက်နေ့ ANN သတင်းမှာဖော်ပြထားပြီး လူအများ စိတ်ဝင်စားလျက် ရှိပါတယ်။ 
အသတ်ခံရသူဟာ အသက်(၇၅)နှစ်အရွယ် Weerachai Jirundorn ဆိုသူဖြစ်ပြီး၊ သူဟာ မူအန်ခရိုင်ရဲဝန်ထမ်းဟောင်း တစ်ဦး ဖြစ်ပါတယ်။သူနဲ့အတူ အိပ်နေတဲ့ သူ့မိန်းမက ညစာစားဖို့အတွက် အပြင်ထွက်သွားပြီး၊ အခန်းကို ပြန်အလာမှာ အခုလိုသူသေနေတာကို တွေ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုပါတယ်။ 
အသတ်ခံရတဲ့ Weerachai ရဲ့ ဦးခေါင်းမှာ မာကျောတဲ့ အရာနဲ့အရိုက်ခံထားရသလိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတွေ့ရကြောင်း၊ လည်ပင်းမှာလည်း အ၀တ်စတစ်ခုနဲ့အညစ်ခံထားရတဲ့ ဒဏ်ရာကိုတွေ့ရတယ်လို့ သူ့မိန်းမက ပြောပါတယ်။ 
သေဆုံးသူဟာ မိန်းမ(၅)ယောက်ရှိသူဖြစ်ကြောင်း၊သူ့မိန်းမတွေဟာ သူ့တို့ဖာသာသူတို့ ရှာစားနေကြသူတွေဖြစ်ကြောင်း၊ သူတို့(၅)ယောက်ဟာလည်း တစ်ဦးကို တစ်ဦးသိရှိကြကာ ရန်ဖြစ်ကြတာတွေမရှိကြောင်း၊ဒါကြောင့် ဒီအသတ်ခံရမှုဟာ သ၀န်တိုခြင်းကြောင့် အသတ်ခံရတာတော့ မဖြစ်နိုင်ကြောင်း မူအန်ရဲတပ်ဖွဲ့ကပြောပါတယ်။ 
သေဆုံးသူဟာ ငွေကြေးအခက်အခဲကြောင့် ပိုက်ဆံချေးယူထားသူဖြစ်ပြီး၊ သူအသတ်ခံရမှုဟာ ငွေချေးတဲ့ ကိစ္စနဲ့ ပတ်သတ်နေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားကြောင်းလည်း သတင်းမှာ ရေးသားထားပါတယ်။ 

Translated by : Pyae Sone 
Photo : The Star
One News Myanmar 

0 comments:

Post a Comment