Wednesday, August 17, 2022

NLD ပါတီက စစ်ဆေးခံရမယ့်သူကို ဆက်သွယ်မရလို့ စစ်ဆေးဖို့ကြာနေတာလို့ စစ်ကောင်စီရဲ့ရွေး/ကော် ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး စစ်ဆေးခံရမယ့်သူတွေကို ဆက်သွယ်လို့မရတာကြောင့် စစ်ဆေးဖို့ကြန့်ကြာနေတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ငွေစက္ကူအသစ် ထပ်မံရိုက်နှိပ်ထားတာမရှိဘူးဆိုပြီး စစ်ကောင်စီပြော

ငွေစက္ကူအသစ်ထပ်မံရိုက်နှိပ်တာကြောင့် ငွေကြေးဖောင်းပွလာတယ်ဆိုပြီး ဝါဒဖြန့်နေမှုနဲ့ ပတ်သက်ပြီး ငွေကျပ် ဘီလီယံ ၄၀၀ ဟာ အသစ်ရိုက်နှိပ်ထားတာမဟုတ်ဘဲ ယခင်ကတည်းက သီးသန့်ထားရှိခဲ့တဲ့ ငွေတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

သေဒဏ်ပေးတာတွေကို ဆိုင်းငံ့ထားပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကုလကိုယ်စားလှယ်က စစ်ကောင်စီဥက္ကဌနဲ့တွေ့ဆုံစဉ်ပြော

သေဒဏ်ပေးတာတွေကို ဆိုင်းငံ့ထားဖို့နဲ့ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေအပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က  စစ်ကောင်စီဥက္ကဌနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ကျိုက်လတ်မြို့နယ်မှာ အနည်းဆုံးအရပ်သား အမာခံ လူငယ် ၁၀ ဦးထားပြီးပြည်သူ့စစ်ဖွဲ့ဖို့လုပ်နေပြန်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ရပ်ကွက် ၁ ခုကိုအနည်းဆုံး အမာခံ လူငယ် ၁၀ ဦးထားပြီး ပြည်သူ့စစ်ဖွဲ့ဖို့လုပ်နေကြတယ်လို့ကျိုက်လတ်မြို့နယ်က ဒေသခံတွေဆီကနေသိရပါတယ်။

ဧရာဝတီတိုင်းမှာစက်သုံးဆီဆိုင်တွေကို ဈေးတင်မရောင်း ဖို့နဲ့ဆိုင်ပိတ်ထားရင်အရေးယူတော့မယ်ဆိုပြီး လိုက်စစ်နေပြန်

ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့၊ဈေးတင်မရောင်းဖို့၊ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးသတိပေးပြောဆိုနေပြီး သတိပေးချက်တွေမလိုက်နာရင် အရေးယူမယ်လို့သတိပေးလာတယ်လို့ဒေသခံစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

ကုလကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်က စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကုလသတင်းထုတ်ပြန်

ကုလကိုယ်စားလှယ်ရဲ့ မြန်မာပြည် ခရီးစဉ်က စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကုလအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq ကကုလသမဂ္ဂ သတင်းစာရှင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာကုလအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်Noeleen Heyzer မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

PDF ကိုထောက်ပံ့သဖြင့် KIA လက်နက်စက်ရုံကို ဗုံးကြဲရန် ဘူးလက်လှဆွေ က စစ်ကောင်စီကို ပြော

PDF ကိုထောက်ပံ့သဖြင့် KIA လက်နက်စက်ရုံကို ဗုံးကြဲရန် ဘူးလက်လှဆွေက စစ်ကောင်စီကို ပြောကြားသည်။

KIA ကို သူပုန်ဟု စစ်တပ်က သုံးနှုန်းခေါ်ဆိုပြီး သူပုန်ကို သူပုန်လို ဆက်ဆံမည့်ဟုဆို

 

တိုင်းပြည်အာဏာသိမ်းထားသည့် စစ်တပ်က ကချင်လွှတ်မြောက်ရေး တပ်မတော် ( တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ) KIA ကို သူပုန်ဟု သုံးနှုန်းပြောဆိုခဲ့ပြီး သူပုန်ကို သူပုန်လိုသာ ဆက်ဆံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကိုဗစ်ကြောင့် နှစ်ရက်ဆက်တိုက်သေဆုံးမှုရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်လူနာသေဆုံးမှု နှစ်ရက်ဆက်တိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လိုက်နာရမည့်အချက် ထုတ်ပြန်

မိုဘိုင်းငွေကြေးဝန်ဆောင်ဖြင့် ငွေလွှဲ၊ငွေထုတ်သူကို မှတ်တမ်းတင်နိုင်ဖို့အတွက် လျှို့ဝှက်CCTVတပ်ဆင်ဖို့၊ ဒါမှမဟုတ် လျှို့ဝှက်ဓာတ်ပုံရိုက်ထားဖို့ အချက်အပါအဝင် လိုက်နာရမယ့်အချက်တွေကို ဗဟိုဘဏ်က မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေတဲ့ဘဏ်တွေကို ညွှန်ကြားထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနှင့် မစ္စနိုလင်းဟေဇာ တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဩဂုတ်(၁၇)ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင်များအသက်(၆၀)ပြည့်လျှင်မဖြစ်မနေပင်စင်ယူရမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အငြိမ်းစားယူရမယ့်အသက်ဖြစ်တဲ့ အသက်(၆၀)ပြည့်ရင် သက်ပြည့်ပင်စင်ယူရမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိမယ်လို့ ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှ ဆင်ဖြူတော်လေးသည် မိခင်ဆင်မကြီးနှင့် ကျန်းမာပျော်ရွှင်လျက်ရှိဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်ဖြူလေးသည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Facebook ကိုအစားထိုးရန် Social Media ပလက်ဖောင်းတခု နစက တီထွင်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

မြန်မာနိုင်ငံတွင် Facebook ကိုအစားထိုးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အနေဖြင့် social media ပလက်ဖောင်းတခုကို တီထွင်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်အာဏာသိမ်း ရက် (၅၆၃) အတွင်း သတ်ဖြတ်ခံရသူ ၂၂၁၅ ဦး အထိရှိလာ

AAPP ၏ ဩဂုတ်လ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၆၃)အတွင်း ပြည်သူ (၂၂၁၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံမည်

 

အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ထပ်မံ တွေ့ဆုံသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံနေသည့် လူမှုကွန်ယက် ပေ့ချ်အား ဖော်ထုတ်အရေးယူမည်

 

လူမှုကွန်ယက်စာမျက်နှာအသုံးပြု၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အမည်ခံကာ ငွေကြေးလိမ်လည်တောင်းခံနေသည့် ပေ့ချ်တစ်ခုအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ် ဆင်းနိုင်သည့် မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံကြီး အထူးကုသမှု စင်တာကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေး၊ လူယုံ မောင်မောင်နိုင်က အကြမ်းဖက် ခေါင်းဆောင်၏ မိသားစု စီးပွားရေး တာဝန်ခံ ဖြစ်လာ

 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ရဟတ်ယာဉ် ဆင်းနိုင်သည့် အမှတ် ၁ စစ် ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှု စင်တာကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေးခဲ့ပြီး လူယုံမောင်မောင်နိုင်က အကြမ်း ဖက်ခေါင်းဆောင် မိသားစု၏ စီးပွားရေးတာဝန်ခံ ဖြစ်လာကြောင်း သိရှိရသည်။

Monday, August 15, 2022

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆နှစ် ထပ်မံချမှတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှု အတွက် ဒီကနေ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။

စစ်ကိုင်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ အများဆုံးဖွဲ့စည်းပြီးဟု ဆို

 

ပစ်ခတ်တိုက်ခိုက်မှုတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အများဆုံးဖွဲ့စည်း ထားပြီးဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။