Wednesday, August 17, 2022

KIA ကို သူပုန်ဟု စစ်တပ်က သုံးနှုန်းခေါ်ဆိုပြီး သူပုန်ကို သူပုန်လို ဆက်ဆံမည့်ဟုဆို

 

တိုင်းပြည်အာဏာသိမ်းထားသည့် စစ်တပ်က ကချင်လွှတ်မြောက်ရေး တပ်မတော် ( တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ) KIA ကို သူပုန်ဟု သုံးနှုန်းပြောဆိုခဲ့ပြီး သူပုန်ကို သူပုန်လိုသာ ဆက်ဆံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယနေ့ နေပြည်တော်တွင် စစ်ကောင်စီကဦးဆောင်ပြုလုပ်နေသည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်းက ပြောလိုက်ခြင်းဖြစ်သည်။
“ တပ်မတော်ရဲ့ KIA အပေါ် သဘောထားကတော့ ကျနော်တို့က ၂၀၂၂ သည့် ငြိမ်းချမ်းရေး ပစ်ခတ်တိုက်ခတ်မှု ရပ်ဆဲပါမယ်လို့ ပြောထားပြီးဖြစ်တယ်။ ငြိမ်းချမ်းရေး နဲ့ပက်သက်ပြီး အဖွဲ့အားလုံးပေါ်ထားတဲ့ သဘောထားဖြစ်တယ်။ သို့သော် အကြမ်းဖက်ပေါ် ကူညီနေတဲ့ KIA အပေါ်သဘောထားကတော့ သူပုန်ကို သူပုန်ကို သူပုန်လိုပဲသဘောထားတယ် “ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့သည်။
KIA အနေနှင့် စစ်ကိုင်းတိုင်း အတွင်းအထိပါ တိုက်ပွဲများကို တိုးချဲ့နိုင်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၊ လက်ရှိဖမ်းဆီးရမိနေသော လက်နက်များမှ KIA ထုတ်ပစ္စည်းများဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။
ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်လည်းဖြစ်ပြီး ဘူလတ်ဂျာနယ်ကို တည်ထောင်ထားသည့် ဦးလှဆွေကလည်း KIA ၏ လက်နက်ထုတ်လုပ်သည့် စက်ရုံအား ဒုံးကျည်နှင့် ပစ်ခတ်ပေးရန် အစီအစဉ်ကို မေးမြန်းခဲ့သည်။
သို့သော် ယင်းမေးခွန်းအတွက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားပေးခဲ့ခြင်းမရှိခဲ့ပေ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို အကြမ်းဖက်အဖွဲ့မှဖြစ်စေ ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်ကြောင်း ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ကြေညာထားသည်။

Burma Associated Press

0 comments:

Post a Comment