Wednesday, August 17, 2022

PDF ကိုထောက်ပံ့သဖြင့် KIA လက်နက်စက်ရုံကို ဗုံးကြဲရန် ဘူးလက်လှဆွေ က စစ်ကောင်စီကို ပြော

PDF ကိုထောက်ပံ့သဖြင့် KIA လက်နက်စက်ရုံကို ဗုံးကြဲရန် ဘူးလက်လှဆွေက စစ်ကောင်စီကို ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို မီဒီယာသမားအမည်ခံကာ ဘူးလက်လှဆွေက တက်ရောက်ပြီး စစ်ကောင်စီကို ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
KIO မှာ စစ်ကောင်စီကိုတော်လှန်သည့် အင်အားစုများကို ထောက်ပံ့ပေးထားပြီး လက်နက်များကိုလည်း ထောက်ပံ့နေသဖြင့် စက်ရုံကို ဗုံးကြဲတိုက်ခိုက်မည့် အစီအစဥ်ရှိ၊ မရှိ ဘူးလက်လှဆွေက ပြောသည်။
ယင်းသို့ မေးမြန်းမှုအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့ခြင်းမရှိပေ။
သို့သော် KIA က PDF များကို လက်နက်ထောက်ပံ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့ပြီး KIA ကိုလည်း သူပုန်ဟု သတင်းစာရှင်းလင်းပွဲတွင်သုံးနှုန်းခဲ့သည်ကို တွေ့ရသည်။
"အကြမ်းဖက်အပေါ်ကူညီနေတဲ့ KIA အပေါ် သဘောထားကတော့ သူပုန်ကို သူပုန်လို့ပဲ သဘောထားတယ်" ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဥ်းသားလေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့သည့်သတင်း ထုတ်ပြန်ခဲ့စဥ်က KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က " တကယ်သာမှန်ခဲ့မယ်ဆိုရင် မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ" ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

0 comments:

Post a Comment