Wednesday, August 17, 2022

ရဲတပ်ဖွဲ့ဝင်များအသက်(၆၀)ပြည့်လျှင်မဖြစ်မနေပင်စင်ယူရမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အငြိမ်းစားယူရမယ့်အသက်ဖြစ်တဲ့ အသက်(၆၀)ပြည့်ရင် သက်ပြည့်ပင်စင်ယူရမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိမယ်လို့ ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

မူလက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ၄၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)မှာ အငြိမ်းစားယူရမယ့် အသက်(၆၀)ပြည့်ရင် “သီးခြားကိစ္စရပ်တွေမှအပ” သက်ပြည့်ပင်စင်ယူရမှာဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။
အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်(၆၀)ပြည့်ရင် ဘယ်လိုအကြောင်းနဲ့မှ တာဝန်ဆက်လက်ထမ်းဆောင်စရာမလိုတော့ဘဲ သက်ပြည့်ပင်စင်ယူရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ၂၀၂၂ခုနှစ်၊ မတ်လ(၂၅)ရက်မှာ စတင်ပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

0 comments:

Post a Comment