Wednesday, August 17, 2022

ကျိုက်လတ်မြို့နယ်မှာ အနည်းဆုံးအရပ်သား အမာခံ လူငယ် ၁၀ ဦးထားပြီးပြည်သူ့စစ်ဖွဲ့ဖို့လုပ်နေပြန်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ရပ်ကွက် ၁ ခုကိုအနည်းဆုံး အမာခံ လူငယ် ၁၀ ဦးထားပြီး ပြည်သူ့စစ်ဖွဲ့ဖို့လုပ်နေကြတယ်လို့ကျိုက်လတ်မြို့နယ်က ဒေသခံတွေဆီကနေသိရပါတယ်။

''ဒီရက်ထဲမှာ ပြည်သူ့စစ်ဖွဲ့ဖို့ကို စစ်ကောင်စီရဲ့ လက်အောက်ခံတွေက တင်းတင်းကျပ်ကျပ်လုပ်လာတာ ၊ရပ်ကွက် တစ်ခုကိုအရပ်သားလည်း ဖြစ်ရမယ် ဒေသခံ ခံလည်းဖြစ်ရမယ် အမာခံ လူငယ် ၁၀ ဦးကိုထားပြီးဖွဲ့ဖို့လုပ်နေတာ ၊  ၊ ဘာပြည်သူ့အတွက်လုံခြုံရေး မဟုတ်ဘူး ၊ ရပ်/ကျေးအုပ်ကြီးတွေကို လူစာရင်းယူခိုင်းထားတာ ၊ သူတို့က စာရင်းယူနေတာ ပြည်သူတွေအများစုကလည်း မလုပ်ချင်လို့အခက်အခဲ အတော်ရှိနေတယ်''လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီက ရပ်ကွက် ၁ ခုကို အမာခံ လူငယ် ၁၀ ဦးနဲ့ ကျေးရွာ ၁ ရွာကိုလူငယ် ၃၀ ဦးထားပြီး သြဂုတ်လမှစတင်လို့ပြည်သူ့စစ်ဖွဲ့ဖို့လုပ်နေ တာလို့သိရပြီး ကျိုက်လတ်မြို့ပေါ်မှာစုရပ် ၁ ခုထားပြီး တော့ ၄၅ ရက်ကြာ သေနတ်ပစ်ခတ်နည်းသင်တန်းတွေ ပေးသွားမယ်လို့သိရပါတယ်။

''သေနတ်ပစ်ခတ်တဲ့နည်းကို စစ်ကောင်စီက သင်တန်းပေးမှာ ကျေးရွာနဲ့ ရပ်ကွက်ပေါင်းရင် လူအယောက် ၄၀ လောက်နဲ့ ပြည်သူ့စစ်ဖွဲ့မှာသူတို့က တော့ စာရင်းတွေကောင်းနေပြီ ၊ပြည်သူ့စစ်လုပ်ဖို့ဘယ်သူ မှ စိတ်မပါဘူး ၊ မလုပ်ချင်ဘူး ၊ဒါဟာ ဖြစ်လာမယ့် တိုက်ပွဲတွေအတွက် ဓားစားခံအဖြစ်ထားဖွဲ့တာလို့ ယူဆတယ်။''လို့ ကျိုက်လတ်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ဖွဲ့မယ့် ပြည်သူ့စစ်သင်တန်းကို စိတ်ပါဝင် စားသူအရမ်းနည်းနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက် အရသိရပြီး စာရင်းပေးသွားထားသူအများစုကလည်း တပ်ထောက်ခံသူ ၊ တပ်မိသားစုနဲ့ မကင်းသူ ၊ ကြံ့ခိုင် ရေးပါတီဝင်တွေနဲ့ ပျူစောထီးဆိုသူတွေအများဆုံးပါဝင် တယ်လို့ ဒေသခံတွေကတော့ ပြောဆိုနေကြပါတယ်။ 

ကျိုက်လတ်မြို့နယ်အပြင် ကျုံပျော်မြို့နယ်ဘက်မှာ လည်း စစ်ကောင်စီက ဒေသလုံခြုံရေး အတွက်ဟုဆိုကာရပ်ကွက်နဲ့ ကျေးရွာပေါင်းပြီး လူအယောက် ၄၀ နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ပထမ အပတ်ကစတင်လုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြောပြချက် တွေအရသိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment